စပါးအသင်းသည် ရီးယဲလ်အသင်းမှ စပိန်တောင်ပံကစားသမား ဗက်ဇ်ကေးကို ပေါင်(၁၅)သန်းဖြင့် ကမ်းလှမ်းရန် ချိန်ရွယ်နေကြောင်း သိရသည်။
ဗက်ဇ်ကေးသည် ဇူလိုင်(၁)ရက်တွင် အသက်(၂၉)နှစ်ပြည့်မည်ဖြစ်ပြီး ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းမှာလည်း ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်၍ စပါးအသင်းက ပေါင်(၁၅)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ် သည်။
ဗက်ဇ်ကေးသည် ရီးယဲလ်အသင်း၏ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ရီးယဲလ်အသင်းကို မော်ရင်ဟို ကိုင်တွယ်စဉ်က အရန်အသင်းတွင် ရှိနေခဲ့သူဖြစ်သည်။
ဗက်ဇ်ကေးသည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲ(၂၀၀)ကျော် ကစားပေးထားသူဖြစ်သော်လည်း လက်ရှိရာသီတွင် (၁၈)ပွဲသာ ကစားခွင့်ရထားသလို၊ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုလည်း အဆင်မပြေခဲ့သည့်အတွက် ရီးယဲလ်အသင်းမှ ထွက်ခွာရမည့်သူအဖြစ် သတ်မှတ်ခံထားရသည်။
သို့သော် ရီးယဲလ်အသင်းကမူ ၎င်းတို့၏ကစားသမားကို ပေါင်သန်း(၂၀)အထက် ရရှိရန် မျှော်လင့်နေပြီး ပေါင်(၁၅) သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံဖွယ်မရှိကြောင်း စပိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။









