■ စီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

■ စီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 June 2020

အေစီမီလန် - ရိုးမား (တနင်္ဂနွေည ၉း၄၅ နာရီ)

အေစီမီလန်က အထောင်တိုက်စစ်မှူးစစ်စစ် မပါဝင်တဲ့ကစားပုံနဲ့ အလုပ်ဖြစ်နေတယ်။ ကိုပါအီတာလီယာဆီမီးဖိုင်နယ် ဒုတိယအကျော့တုန်းက ကစားပုံကောင်းခဲ့ပေမယ့် ကံဆိုးပြီးဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတယ်။ တန်းဆင်းဇုန်ထဲက လက်ချီနဲ့ပွဲမှာ တော့ အေစီမီလန်တိုက်စစ် ပေါက်ကွဲပြခဲ့ပါတယ်။ ရယ်ဘစ်၊ ချာဟာနိုဂလူး၊ ကက်စတယ်လေဟို၊ ဘိုနာဗန်ကျူရာတို့က အုပ်စု လိုက်ရွေ့လျားပုံတွေ ကောင်းမွန်သလို၊ တစ်ဦးချင်းထိုးဖောက်မှုတွေလည်း ကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် ချာဟာနိုဂလူးက  အေစီမီလန်တိုက်စစ်ရဲ့ အဓိကအသက်သွေးကြောဖြစ်နေပါတယ်။ ရိုးမားက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိပေမယ့် စိတ် ပိုင်းဆိုင်ရာအားနည်းချက်တွေ ဖြစ်လေ့ရှိတယ်။ တိုက်စစ်ကစားပုံကလည်း လိုအပ်ချက်တွေများတတ်လို့ စိတ်ဓာတ်နဲ့ ခြေစွမ်း အမြင့်ပိုင်းရောက်နေတဲ့ အေစီမီလန်ဆီကနေ တစ်မှတ်ထက်ပိုမရနိုင်ဘူး။ အေစီမီလန် (၂-၁)လောက်နဲ့ နိုင်မယ်။

အူဒီးနီးစ် - အတ္တလန်တာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် အတ္တလန်တာ အမှားမခံ ဘဲကစားနေတယ်။ ပြီးတော့ ဂိုးသွင်းနှုန်းကလည်း ပထမဆုံး ပြန်ကစားတဲ့ပွဲမှာအရင်တုန်းကလို ထက်မြက်နေဆဲပဲ။ အူဒီး နီးစ်က တန်းဆင်းဇုန်အန္တရာယ်ရှိနေပေမယ့် အတ္တလန်တာသာ  အပြင်းအထန်ထိုးစစ်ဆင်လာရင် တောင့်ခံနိုင်မယ်မထင်ဘူး။ အူဒီးနီးစ် တစ်မှတ်ထက်ပိုမရနိုင်တဲ့ပွဲမျိုးဖြစ်ပြီး ပုံမှန်အတိုင်း ဆိုရင်  အတ္တလန်တာနဲ့ ဂိုးအများပဲဖြစ်လာလိမ့်မယ်။

ဆမ်ဒိုရီးယား - ဘိုလော့ဂ်နာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

တန်းဆင်းဇုန်ကလွတ်မြောက်အောင် ဆမ်ဒိုးရီးယား ရုန်း ကန်နေပေမယ့် ခြေစွမ်းက လိုအပ်ချက်တွေရှိနေသေးတယ်။ ဘို လော့ဂ်နာက ဂျူဗင်တပ်စ်နဲ့ပွဲမှာ ကစားပုံမဆိုးပေမယ့် တိုက်စစ်  လိုအပ်ချက်တွေရှိနေတယ်။ အမှတ်ပိုလိုအပ်နေတဲ့ ဆမ်ဒိုးရီး ယား အနိုင်ရအောင်ကစားပါလိမ့်မယ်။

ဆာဆူအိုလို - ဗီရိုနာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

အတ္တလန်တာကို ဂိုးပြတ်ရှုံးခဲ့ရလို့ ဒီပွဲမှာ ဆာဆူအိုလို ပြန်ပြီးပေါက်ကွဲပြမယ်ထင်တယ်။ ဒါပေမဲ့ ဗီရိုနာက ယူရိုပါလိဂ် ဝင်ခွင့်မျှော်လင့်ချက်ရှိနေလို့ ဆာဆူအိုလိုဆီက အမှတ်ရအောင် ကြိုးပမ်းပါလိမ့်မယ်။ သရေကျသွားနိုင်ပါတယ်။

နာပိုလီ - SPAL (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

တန်းဆင်းဇုန်ကလွတ်မြောက်အောင် ကြိုးစားနေတဲ့ အချိန်မှာ နာပိုလီလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတာ SPAL အတွက် ကံဆိုးပါတယ်။ တိုက်စစ်မှူး ပယ်တက်ဂ်ညာက အသင်းဟောင်း နဲ့ ပြန်လည်ဆုံတွေ့ချိန်မှာ ဒုက္ခပေးနိုင်မလား စောင့်ကြည့်ရမှာ က လွဲပြီး SPAL အတွက် မျှော်လင့်ချက်သိပ်မရှိဘူး။ နာပိုလီ တိုက်စစ်က ဂိုးအဖြစ်ပြောင်းလဲနိုင်မှုအပိုင်းမှာ တိုးတက်လာတာ တွေ့ရတယ်။ နာပိုလီ (၂)ဂိုးပြတ်နိုင်ပါဦးမယ်။

ပါးမား - အင်တာမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)

အင်တာမီလန်တိုက်စစ်မှာ လူကာကူနဲ့ မာတီနက်ဇ် ခြေစွမ်းပြဂိုးတွေ သွင်းနေဆဲဖြစ် ပြီး ရာသီပိတ်ဂုဏ်သိက္ခာအတွက် နည်းပြ ကွန်တီ နိုင်ပွဲတွေရအောင် အာရုံစိုက်နေတယ်။ ပါးမားကလည်း ဂျာဗင်ဟို၊ ကူလူဆက်ဗ်စကီး၊ ကော်နယ်လီယပ်စ်တို့ရဲ့ Trio Attack က အလုပ်ဖြစ်နေတယ်။ ပါးမားရဲ့ကွင်းလယ်စုဖွဲ့မှုက အဲရစ်ဆင်ဆီကနေ ဘောလုံးမထွက်အောင် တားဆီးနိုင်ခဲ့မယ်ဆိုရင် ရလဒ်ကောင်းပါလိမ့်မယ်။ အင်တာမီလန် အမှတ်လျော့နိုင်တယ်။

Most Read

Most Recent