စပိန်လာလီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 June 2020

လီဗန်တေး - ဘက်တစ် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဘက်တစ်ကတော့ နည်းပြ ရူဘီကိုတောင် ရာထူးက ဖယ် ရှားလိုက်ရပါပြီ။ လက်ထောက်နည်းပြကနေ ယာယီနည်းပြဖြစ် လာတဲ့ ထရူယယ်လို လက်ထဲမှာ ဘက်တစ် ဘယ်လောက်ထိ ပြောင်းလဲလာမလဲဆိုတာ ပြောမရသေးဘူး။ ဒီပွဲကို ဂိုးနည်းသရေ ပွဲလောက်ပဲ မှန်းထားချင်မိတယ်။

ဗီလာရီးယဲလ် - ဗလင်စီယာ (တနင်္ဂနွေည ၉း၃၀ နာရီ)

ဗီလာရီးယဲလ်ကတော့ COVID-19 ကာလအလွန် ဘော လုံးပွဲတွေပြန်လာချိန်မှာ ခြေပိုတွေ့လာနေသလို၊ အသင်းကစား ပုံက ဟန်ချက်ပိုမိလာနေတယ်။ အထူးသဖြင့် ခံစစ်ကစားပုံ တိုး တက်လာပြီး နိုင်ပွဲရအောင်လည်း ပိုကစားတတ်လာတာ တွေ့ရ တယ်။ ဗလင်စီယာကတော့ ပုံမှန်အနေအထားမျိုးပြန်ရဖို့ ကြိုးစား နေရသေးတဲ့အဆင့်မှာပဲရှိသေးပြီး တိုက်စစ်ရော၊ ခံစစ်မှာပါ အား နည်းမှုတွေရှိနေသေးတာ တွေ့ရတယ်။ ဒီလိုအနေအထားမျိုးနဲ့ တော့ အဝေးကွင်းမှာ ဗီလာရီးယဲလ်ကို ယှဉ်ဖို့မလွယ်ပါဘူး။ ဗီလာ ရီးယဲလ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။

ဂရန်နာဒါ - အီဘာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

တန်းမဆင်းရရေး အီဘာ အမှတ်လိုနေတဲ့အချိန်ဖြစ်နေ တယ်။ ဂရန်နာဒါရဲ့ အားထုတ်မှုက မဆိုးလှပေမယ့် ဒဏ်ရာရ သူများနေတာရယ်၊ အစဉ်အလာအရလည်း အီဘာကို မယှဉ်နိုင် သေးတာရယ်က အားနည်းချက်တစ်ခုလိုဖြစ်နေတယ်။ အီဘာပဲ ကြိုက်တယ်။ ဂိုးနည်းမယ်။

အက်စ်ပန်ညို - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၂း၃၀ နာရီ)

အမှတ်ပေးဇယားအောက်ဆုံးက ကတ်တလန်ဒေသခံ အက်စ်ပန်ညိုရဲ့ ရုန်းအားက ဘာစီလိုနာအတွက် ဘယ် လောက်ထိ အားဖြစ်စေမလဲဆိုတာပဲ စောင့်ကြည့်ရမယ်။ ပုံမှန် အရရော၊ အစဉ်အလာတွေအရပါ အက်စ်ပန်ညိုဟာ ရီးယဲလ် မက်ဒရစ်ကို သိပ်ယှဉ်နိုင်လေ့မရှိဘူး။ နောက်ပြီး ကိုရိုနာဗိုင်း ရပ်စ်ကာလ လာလီဂါပွဲတွေပြန်စနေချိန်မှာ ရီးယဲလ်မက်ဒရစ် ဟာ ကံတရားရဲ့ဖေးမမှုရော၊ ဒိုင်လူကြီးတွေရဲ့ဖေးမမှုပါ ရနေ သလိုတွေ့နေရတယ်။ ကစားပုံအကောင်းကြီးမဟုတ်ပေမယ့် အချိန်တန်ဂိုးရပြီး နိုင်ပွဲယူပြနေတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ အနေ အထားကို အက်စ်ပန်ညို ယှဉ်နိုင်မယ့်အင်အားရှိပါ့မလားဆို တာလည်း စဉ်းစားစရာလိုဖြစ်နေတယ်။ အက်စ်ပန်ညိုရဲ့ ရုန်း အားကလည်း အစမှာဟုတ်မလိုလိုနဲ့ အဖျားရှူးသွားပြန်တာ တွေ့ရလို့ ရီးယဲလ်နဲ့ရင်ဆိုင်ရမယ့် အက်စ်ပန်ညိုရဲ့ခြေစွမ်းကို မှန်းထုတ်ကြည့်ဖို့မလွယ်ဘူး။ ဒါကြောင့် လက်ရှိအခြေအနေ ကောင်းကို ဆက်ထိန်းနိုင်ဖို့ အားထည့်လာမယ့် ရီးယဲလ်မက် ဒရစ်ကိုပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။ ဂိုးနည်းမယ်။

Most Read

Most Recent