FA ဖလားကွာတားဖိုင်နယ်ပွဲကြိုသုံးသပ်ချက်

FA ဖလားကွာတားဖိုင်နယ်ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 June 2020

ရှက်ဖီးယူနိုက်တက် - အာဆင်နယ် (တနင်္ဂနွေည ၆း၃၀ နာရီ)

ရှက်ဖီးယူနိုက်တက်အတွက် ဒီပွဲက မျှော်လင့်ချက်တွေပဲ ရှိပြီး၊ ဖိအားမရှိဘူး။ အာဆင်နယ်အတွက်သာ ပြဿနာလို့ ပြောရမယ်။ ဒီအဆင့်မှာ ရှက်ဖီးယူနိုက်တက်ကို ရှုံးပြီးထွက်ခဲ့ရရင် အာတီတာကို ဝေဖန်နေသူတွေ ပိုပြီးအကြိုက်တွေ့မယ်။ လက်ရှိခြေစွမ်းအရဆိုရင်လည်း အာဆင်နယ်က ရှက်ဖီးယူနိုက်တက်ကို အနိုင်ကစားဖို့ဆိုတာ ခက်ခဲတယ်လို့ ပြောရမယ်။ ရှက်ဖီးယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean Sheet (၁၁)ပွဲရထားတဲ့အသင်းဖြစ်ပြီး သူတို့ထက် ပိုကောင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်တာ လီဗာပူးလ် တစ်သင်းပဲ ရှိတယ်။ ဒီရာသီ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ (၂)ကျော့မှာ တစ်ပွဲနိုင်၊ တစ်ပွဲသ ရေကစားခဲ့ပြီး နှစ်ပွဲပေါင်းမှာ ပေးဂိုးက (၁)ဂိုးပဲရှိတယ်။ အာဆင်နယ်ရဲ့ လက်ရှိိတိုက်စစ်ကလည်း စိတ်ပျက်စရာဖြစ်ပြီး အူဘာ မီယန်းတောင် အားကိုးလို့မရသလိုဖြစ်လာတယ်။ တစ်ဖက်မှာ ရှက်ဖီးယူနိုက်တက်ကလည်း ရာသီပြန်စကတည်းက ထင်သ လောက် အားရစရာတော့မကောင်းဘူး။ ဒါပေမဲ့ အာဆင်နယ်ကို ဒုက္ခပေးနိုင်တဲ့ စုဖွဲ့မှုနဲ့ မာကျောမှုရှိတာတော့ သေချာပါတယ်။ ရှက်ဖီးယူနိုက်တက်ကိုပဲ ကြိုက်တယ်။ 

လက်စတာ - ချယ်လ်ဆီး (တနင်္ဂနွေည ၉း၃၀ နာရီ)

လက်စတာရော၊ ချယ်လ်ဆီးရောက ဒီပွဲအပေါ် အပြည့်အဝ အာရုံစိုက်ထားကြမယ်။ သူတို့အတွက် ဒီရာသီမျှော်လင့်စ ရာ တစ်လုံးတည်းသော ဖလားဖြစ်နေတာလည်းပါတယ်။ နှစ်သင်းစလုံးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်က သိပ်စိတ်မပူစရာ ဖြစ်နေတာကြောင့်လည်းပါတယ်။ အထူးသဖြင့် လက်စတာက ဒီရာသီ FA ဖလားပွဲတွေမှာ အောက်အသင်းတွေနဲ့ပဲ တောက် လျှောက်ကစားခဲ့ရပြီး၊ ကွာတားဖိုင်နယ်ရောက်မှ အသင်းကြီးတစ်သင်းနဲ့ ထိပ်တိုက်တွေ့တာပါ။ ချယ်လ်ဆီးကတော့ အက်စ တွန်ဗီလာကို ပြန်ကန်ပွဲကစားပြီး တက်လာခဲ့တယ်။ ဒီပွဲမတိုင်ခင်မှာ မန်စီးတီးနဲ့ ပွဲကျပ်ကစားထားရတာလည်း စိုးရိမ်စရာတော့ ဖြစ်တယ်။ လက်ရှိအနေအထားအရဆိုရင် ချယ်လ်ဆီးရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို ပိုကြိုက်ပြီး၊ လက်စတာကတော့ ခိုင်မာတဲ့ ခံစစ်ရှိတယ်။ ချယ်လ်ဆီးတိုက်စစ်ကို ထိန်းချုပ်နိုင်ရင် ပြန်ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေလည်းရှိတယ်။ ခြေမျှပြီး ဒီရာသီ ကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာလည်း ချယ်လ်ဆီးကွင်းမှာ (၁-၁)၊ လက်စတာကွင်းမှာ (၂-၂)ဖြစ်ခဲ့တယ်။ ခန့်မှန်းရခက်ပေမယ့် ဒီအ ဆင့်တွေမှာ ပုံမှန်လိုလိုကစားနေတဲ့ ချယ်လ်ဆီးကို ပိုကြိုက်တယ်။ 

နယူးကာဆယ် - မန်စီးတီး (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

နယူးကာဆယ်ကို လျှော့တွက်လို့မရတော့ဘူး။ ခံစစ်ပိုင်း ရော၊ တိုက်စစ်ပိုင်းပါ တော်တော်လေး အားကောင်းလာတာတွေ့ ရတယ်။ အထူးသဖြင့် မက်ဆီမင်က တောင်ပံမှာ ခြေစွမ်းပြနေ တယ်။ မန်စီးတီး အပြည့်အဝအားစိုက်ဖို့တော့ လိုမယ်။ နိုင်လည်း နိုင

Most Read

Most Recent