ဘွန်ဒစ်လီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 27 June 2020

ဒေါ့မွန် - ဟော်ဖန်ဟင်မ် (စနေည ၈းဝ၀ နာရီ)

ဒေါ့မွန်အသင်းက အဆင့်(၂)နေရာ သေချာနေပြီးဖြစ်လို့  အမှတ်မလိုတော့ပေမယ့် အိမ်ကွင်းနောက်ဆုံးပွဲမှာ အနိုင်နဲ့ပိတ် သိမ်းဖို့များတယ်။

လေဗာကူဆင် - မိန့်ဇ် (စနေည ၈းဝ၀ နာရီ)

လေဗာကူဆင်အသင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ အနေအထားကနေ နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲအထိ နိုင်ပွဲပျောက် ခဲ့လို့ မိုချန်ဂလာဘတ်ရဲ့ခြေချော်မှုကိုပဲ စောင့်ဆိုင်းရတဲ့အခြေအ နေ ရောက်ခဲ့ရတယ်။ မိန့်ဇ်အသင်း အမှတ်မလိုတော့လို့ လေဗာ ကူဆင် ဂိုးပြတ်ဖို့များတယ်။

မိုချန်ဂလာဘတ် - ဟာသာဘာလင်  (စနေည ၈းဝ၀ နာရီ)

ဟာသာဘာလင်အသင်း အမှတ်မလိုအပ်တော့ဘူး။ ဒါ ပေမဲ့ ပြီးခဲ့တဲ့အပတ်က ဒီလိုအနေအထားကနေ လေဗာကူဆင် ကို ဟာသာဘာလင် ဒုက္ခပေးသွားခဲ့တယ်။ ထိပ်တိုက်တွေ့ဆုံ မှု(၃)ပွဲမှာ ဟာသာဘာလင်အသင်း ရှုံးပွဲမရှိကစားထားတာကို လည်း သတိပြုသင့်ပါတယ်။ မိုချန်ဂလာဘတ်တိုက်စစ်မှာ အ ဓိကကစားသမားတွေဖြစ်တဲ့ မားကပ်စ်သူရမ်၊ ပယ်လီယာတို့ ဒဏ်ရာရနေပေမယ့် စတင်ဒယ်လ်၊ ဟော့ဖ်မန်းနဲ့ ဟာမန်းတို့ က ဒီကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်နေတာ တွေ့ရတယ်။ ဟာသာဘာလင်အသင်းမှာတော့ အားထားရတဲ့ တောင်ပံက စားသမား ကူညာ ပြန်ကစားနိုင်တာ အတော်လေးသိသာပါ တယ်။ ဘွန်ဒစ်လီဂါပွဲတွေမှာ အိမ်ကွင်းအားသာချက်တွေ သိ သိသာသာလျော့ကျနေပေမယ့် အနိုင်ကစားဖို့လိုတဲ့ မိုချန်ကိုပဲ ရွေးထားချင်တယ်။

ဝုလ်ဖ်ဘတ် - ဘိုင်ယန်မြူးနစ်  (စနေည ၈းဝ၀ နာရီ)

ဘိုင်ယန်အသင်းအဖို့ နိုင်ပွဲဆက်မှတ်တမ်း၊ လီဝန်ဒေါစ ကီးရဲ့စံချိန်တွေအတွက် ကြိုးစားကစားဦးမှာပါ။ ဘိုင်ယန်ဘက် ကပဲ ရပ်တည်သင့်တယ်။

ဖရန့်ဖတ် - ပါဒါဘွန်း  (စနေည ၈းဝ၀ နာရီ)

တန်းဆင်းထားရပြီးဖြစ်တဲ့ ပါဒါဘွန်းကတော့ အားထုတ် မှုလည်း လျော့သွားတာသိသာပါတယ်။ ဖရန့်ဖတ်အသင်းကိုပဲ ရွေးချင်တယ်။ 

၀ါဒါဘရီမင် - ကိုလုံး  (စနေည ၈းဝ၀ နာရီ)

၀ါဒါဘရီမင်အတွက် တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ ရာ ခိုင်နှုန်း အတော်နည်းသွားပြီ။ ဒါပေမဲ့ ကိုယ့်တာဝန်ကိုယ်ကျေဖို့ ဒီပွဲကိုတော့ ၀ါဒါဘရီမင် အနိုင်ကစားမှာပါ။

ဖရိုင်းဘတ် - ရှော်လ်ကေး  (စနေည ၈းဝ၀ နာရီ)

နှစ်သင်းစလုံးအတွက် အမှတ်မလိုအပ်တော့ပေမယ့် ရှော်လ်ကေးရဲ့ခြေစွမ်းက စိတ်ပျက်စရာကောင်းနေလို့ ဖရိုင်း ဘတ်ကိုပဲ ကြိုက်တယ်။

အော့စ်ဘတ် - လိုက်ပ်ဇစ်  (စနေည ၈းဝ၀ နာရီ)

လိုက်ပ်ဇစ်အဖို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာ မရှိတော့ပေမယ့် ဇယားရပ်တည်မှုကျန်နေသေးတယ်။ လိုက်ပ်  ဇစ် ဂိုးပြတ်သွားနိုင်လောက်တယ်။

အူန်ယွန်းဘာလင် - ဒစ်ဆယ်ဒေ့ါဖ်  (စနေည ၈းဝ၀ နာရီ)

တန်းဆင်းဇုန်က လွတ်မြောက်နေပြီဖြစ်တဲ့ အူန်ယွန်းဘာ လင်က အားထုတ်မှု လုံးဝမရှိလောက်တော့ဘူး။ ဒစ်ဆယ်ဒေါ့ဖ် အနိုင်သေချာပါတယ်။

Most Read

Most Recent