မန်ယူနှင့် စာချုပ်သစ်ချုပ်ရန် ကိစ္စကို ဒင်းန်ဟန်ဒါဆန် တုံ့ဆိုင်း

မန်ယူနှင့် စာချုပ်သစ်ချုပ်ရန် ကိစ္စကို ဒင်းန်ဟန်ဒါဆန် တုံ့ဆိုင်း
Photo: AFP
Photo: AFP
Published 25 June 2020

မန်ယူအသင်းမှ ရှက်ဖီးယူနိုက်တက်သို့ အငှားသွားရောက်ကစားပြီး လက်စွမ်းပြနေသူ အင်္ဂလန်ဂိုးသမား ဒင်းန်ဟန်ဒါဆန်သည် မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်ကိစ္စကို တုံ့ဆိုင်းနေကြောင်း Manchester Evening News သတင်းစာက ဖော်ပြခဲ့သည်။ 

ဟန်ဒါဆန်သည် မန်ယူအသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသော်လည်း မန်ယူအသင်းတာဝန်ရှိသူများက ၎င်းအား မဆုံးရှုံးရရန်အတွက် နှစ်ရှည်စာချုပ်တစ်ရပ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။ 

သို့သော် ဟန်ဒါဆန်အနေဖြင့် မန်ယူအသင်းတွင် ပွဲကစားခွင့်အာမခံချက် ရရှိမှသာ စာချုပ်သစ်ကို လက်ခံသွားမည်ဖြစ်ကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။ 

လက်ရှိတွင် စပါးအသင်းနှင့်ချယ်လ်ဆီးအသင်းတို့သည် ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေပြီး အခြေအနေအား စောင့်ကြည့်နေကြကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် ဟန်ဒါဆန်ကို ပေါင်သန်း(၅၀)ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

Most Read

Most Recent