ဂေါ့ဇီအား ခေါ်ယူရန် အက်သလက်တီကိုအသင်း ပစ်မှတ်ထား

ဂေါ့ဇီအား ခေါ်ယူရန် အက်သလက်တီကိုအသင်း ပစ်မှတ်ထား
Photo: AFP
Photo: AFP
Published 25 June 2020

အက်သလက်တီကိုအသင်းသည် ဒေါ့မွန်ကွင်းလယ်လူ ဂေါ့ဇီကို လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ် ဖြင့်ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဂေါ့ဇီသည် ဇွန်လ (၃၀)ရက်တွင် ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုထားသူဖြစ်သည်။

ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရနိုင်မည့် ဂေါ့ဇီအား ခေါ်ယူရန် ဥရောပကလပ်အသင်းများက စိတ်ဝင်စားနေပြီး ယခုအခါ အက်သလက်တီကိုအသင်းပါ ပါဝင်လာခြင်းဖြစ်သည်။ 

အက်သလက်တီကိုအသင်းသည် ကိုရိုနာကပ်ဘေးကြောင့် ဘဏ္ဍာရေးထိခိုက်မှုများရှိသဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ကစားသမားများကို ပစ်မှတ်ထားနေပြီး ဂေါ့ဇီအပြင် PSG အသင်းမှ ကာဗာနီကိုပါ ခေါ်ယူလိုနေကြောင်း သိရှိရသည်။ 

Most Read

Most Recent