ဆန်းချက်ဇ်နှင့် မိုဆက်စ်တို့ကို ယူရိုပါလိဂ်တွင် အင်တာမီလန်အသင်း သုံးခွင့်ရဖွယ်မရှိ

ဆန်းချက်ဇ်နှင့် မိုဆက်စ်တို့ကို ယူရိုပါလိဂ်တွင် အင်တာမီလန်အသင်း သုံးခွင့်ရဖွယ်မရှိ
Photo: Getty Images
Photo: Getty Images
Published 25 June 2020

အင်တာမီလန်အသင်းသည် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့မှ အငှားဖြင့်ခေါ်ယူထားသော တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်နှင့် တောင်ပံကစားသမား မိုဆက်စ်တို့ကို ယူရိုပါလိဂ်ပြိုင်ပွဲတွင် အသုံးပြုခွင့်ရဖွယ်မရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

မန်ယူနှင့်ချယ်လ်ဆီးတို့သည် အဆိုပါကစားသမား(၂)ဦးအား စီးရီးအေပြိုင်ပွဲ ရာသီကုန်ဆုံးသည်အထိ ကစားရန်ခွင့်ပြုခဲ့သော်လည်း ယူရိုပါလိဂ်အတွက်မူ ခွင့်ပြုဖွယ်မရှိခြင်းဖြစ်သည်။ 

UEFA သည် ယူရိုပါလိဂ်ပြိုင်ပွဲ ပြန်စတင်ရန် အတည်ပြုထားပြီး  သြဂုတ်(၅)ရက်မှ (၂၁)ရက်အထိ မီနီပြိုင်ပွဲအသွင်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ 

အင်တာမီလန် CEO မာရော့တာသည် အဆိုပါကစားသမား(၂)ဦးအား ယူရိုပါလိဂ်တွင် အသုံးပြုခွင့်ရရန် အပြင်းအထန်ကြိုးစားနေရပြီး  အသုံးပြုခ ထပ်ဆောင်းပေးချေမည့်အစီအစဉ်ဖြင့် ဆွေးနွေးနေကြောင်း သိရသည်။ 

သို့ရာတွင် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည့် မန်ယူအသင်းသည် ဆန်းချက်ဇ်အား အင်တာမီလန်အသင်းအတွက် ကစားခွင့်ပေးဖွယ် မရှိပေ။

Most Read

Most Recent