ပရီးမီးယားလိဂ်ပွဲစဉ်(၃၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၁) ပွဲကြိုသုံးသပ်ချက်
Published 25 June 2020

ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်ကို ဒီနေ့ညမှာ ကစားသွားမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ မန်စီးတီး ထိပ်တိုက် တွေ့နေတဲ့ ပွဲစဉ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ချန်ပီယံဖြစ်ခဲ့တဲ့ (၄)သင်းထဲက ဒီနှစ်သင်းရဲ့ အားပြိုင်မှုက ပြင်းထန်နေပါလိမ့်မယ် . . .

ဘန်လေ နှင့် ဝက်ဖို့ဒ် (ကြာသပတေးည ၁၁း၃၀ နာရီ)

ဘန်လေနဲ့ ဝက်ဖို့ဒ်က ကစားဟန်တော်တော်လေးနီးစပ် တယ်။ ခံစစ်လေးတယ်။ မာကျောတယ်။ အမြင့်ဘောတွေအ သုံးချနိုင်တယ်။ တစ်ဦးချင်းစွမ်းရည်အရဆို ဝက်ဖို့ဒ်ကသာပြီး ဘန်လေက ပိုကျစ်လျစ်တယ်။ နိုင်ပွဲတစ်ပွဲအတွက် ဝက်ဖို့ဒ်မှာ ပိုအခွင့်အရေးရှိတယ်လို့ ပြောနိုင်တာက အမှတ်လိုအပ်ချက် ကြောင့်ပါ။ ဝက်ဖို့ဒ်ကို ကြိုက်တယ်။

ဆောက်သမ်တန် နှင့် အာဆင်နယ် (ကြာသပတေးည ၁၁း၃၀ နာရီ)

အာတီတာရဲ့အာဆင်နယ်က ပရီးမီးယားလိဂ်ပြန်စချိန်မှာ မန်စီးတီးကို လုံးဝမယှဉ်နိုင်ဘဲ ရှုံးခဲ့ပြီး၊ ဘရိုက်တန်ကိုတော့ နိုင်သင့်လျက်နဲ့ ရှုံးခဲ့တယ်။ အခြေအနေကတော့ စိတ်ပိုင်းဆိုင် ရာကို ပျက်စီးစေလောက်တဲ့ အခြေအနေတွေပဲ။ ခြေစွမ်းပိုင်းက လည်း မှန်းရခက်တယ်။ အခြားတစ်ဖက်မှာ ဆောက်သမ်တန်ရဲ့ ကစားပုံက အာဆင်နယ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိတာကို တွေ့ ရတယ်။ ဖိအားတွေအောက်မှာ ရုန်းကန်နိုင်စွမ်းရှိတဲ့ အသင်း ဖြစ်ပြီး အားလည်းကောင်းတယ်။ အာဆင်နယ် ခက်ခဲဦးမယ် ထင်တယ်။ 

ချယ်လ်ဆီး နှင့် မန်စီးတီး (သောကြာနံနက် ၁း၄၅ နာရီ)

ပြီးခဲ့တဲ့ ရာသီတုန်းက ချယ်လ်ဆီးကွင်းမှာ (၂-ဝ)နဲ့ အ နိုင်ရခဲ့တာကို အမှတ်ရစရာပဲ။ ဒီရာသီ ပထမအကျော့ပွဲမှာ တော့ မန်စီးတီးက (၂-၁)နဲ့ အနိုင်ရခဲ့တယ်။ ဖျော်ဖြေမှုပေး နိုင်ခဲ့ပြီး လှပတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ လမ်းပတ်ရဲ့ အရည်အ သွေးကို ပရိသတ်တွေ စတင်သတိထားမိလာစေတဲ့ ပွဲတစ်ပွဲ လို့လည်း ပြောလို့ရတယ်။ လက်ရှိအနေအထားအရ မန်စီးတီး ရဲ့ ခြေစွမ်းက အရမ်းအားကောင်းနေပြီး တစ်ဦးချင်းရော၊ အ သင်းလိုက်ပါ ပုံစံကောင်းမှာ ရှိနေပါတယ်။ ချယ်လ်ဆီးရဲ့လူ စာရင်းကလည်း မန်စီးတီးကို စိန်ခေါ် နိုင်စွမ်းရှိတာကိုတွေ့ရ တယ်။ အဓိကကွာခြားသွားတာက အတွေ့အကြုံပိုင်းပါ။ မန် စီးတီးမှာ ပွဲတစ်ပွဲကို ဘယ်လိုကစားတာအကောင်းဆုံးဖြစ်မ လဲဆိုတာကို ဆုံးဖြတ်နိုင်တဲ့ ကွင်းလယ်လူတွေရှိတယ်။ ဒါပေ မဲ့ မန်စီးတီးရဲ့အားနည်းချက်က ခံစစ်ဇုန်မှာ ရှိပြီး ချယ်လ်ဆီးရဲ့ Tempo နဲ့ တစ်ဦးချင်းအမြန်နှုန်းတွေက မန်စီးတီးကို ဒုက္ခပေးနိုင်ပါတယ်။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမယ်။ အကြိတ် အနယ်ရှိမယ်။ သရေကျဖို့ များတယ်။

Most Read

Most Recent