ဥရောပဝင်ခွင့် လက်ကျန်မျှော်လင့်ချက်အတွက် အားကုန်ထုတ်ရုန်းနေတဲ့ ဗလင်စီယာနဲ့ တန်းဆင်းဇုန်တိုက်ပွဲမှာ အမှတ်လိုနေဆဲဖြစ်တဲ့ အီဘာတို့ရဲ့ အသေအကျေတိုက်ပွဲက ဒီနေ့ညမှာ ပရိသတ်တွေကို ဆွဲဆောင်ပါလိမ့်မယ် . . .
အီဘာ နှင့် ဗလင်စီယာ (ကြာသပတေးည ၁၂း၀၀ နာရီ)
အီဘာ ခြေစွမ်းမှန်းရခက်နေသေးသလို ဗလင်စီယာကလည်း ရုန်းနေကန်နေရတုန်းပဲ။ ဒါပေမဲ့ ခံစစ်ပိုင်းတိုးတက်မှုအနည်းငယ်ပြန်ရလာတာက ဗလင်စီယာအတွက် မျှော်လင့်ချက်တစ်ခုလို့တော့ ပြောနိုင်တယ်။ အီဘာကလည်း အိမ်ကွင်းမှာဆိုရင် ခြေစွမ်းလျှော့တွက်လို့မရတဲ့အသင်းတွေထဲမှာ ပါနေတဲ့အပြင် တိုက်စစ်ကလည်း ဂိုးရအောင် ကစားနိုင်စွမ်းရှိနေလို့ ဒီပွဲမှာ ဗလင်စီယာရဲ့ခံစစ်ပိုင်းက အစမ်းသပ်ခံရဦးမှာပါ။ ဥရောပဝင်ခွင့်အတွက် ဗလင်စီယာ အမှားခံလို့မရပေမယ့် အိမ်ကွင်းမှာဆို ကစားပုံကျစ်ကျစ်လျစ်လျစ်ရှိတဲ့ အီဘာနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။
ဘက်တစ် နှင့် အက်စ်ပန်ညို (သောကြာနံနက် ၂း၃၀ နာရီ)
ဒီနှစ်သင်းမှာ အက်စ်ပန်ညိုရဲ့ ရုန်းအားနဲ့အတူ သိသိသာသာ တိုးတက်လာတဲ့ခြေစွမ်းက ပိုပြီးအားရစရာကောင်းနေတယ်။ ဘက်တစ်ကတော့ သာမန်လောက်သာ ပွဲအဖြစ်ထိန်းကစားနေတဲ့ပုံမျိုး တွေ့နေရပြီး ခံစစ်ကစားပုံကလည်း အားရစရာ သိပ်မရှိလှပါဘူး။ ဘက်တစ် အိမ်ကွင်းတိုက်စစ်က ဂိုးရအောင် ကစားနိုင်ပေမယ့်လည်း အက်စ်ပန်ညိုရဲ့ အဝေးကွင်းဂိုးမပေးရအောင် ပိတ်ဆို့ကစားနိုင်ပုံက တိုးတက်လာသလိုတွေ့နေရလို့ ဘက်တစ် ဒီတစ်ပွဲလည်း အနိုင်ရဖို့ မလွယ်လှသေးဘူးထင်ပါတယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။









