မက်ဆီသည် ဘာစီလိုနာအသင်း ဂိုးမရမီ ပွဲချိန် (၆၈)မိနစ်တွင် ဘီလ်ဘာအို နောက်ခံလူ ရီရေးနှင့် ဘောလုံးအပြိုင်လုရန် ကြိုးပမ်းရာ၌ ရီရေး၏ ဘယ်ဘက်ခြေထောက်ကို တက်နင်းခဲ့ခြင်းဖြစ်သည်။
ဇွန်လ (၂၃)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဘာစီလိုနာ (၁-၀) ဘီလ်ဘာအိုပွဲတွင် ဘီလ်ဘာအိုနောက်ခံလူ ရီရေးအား တက်နင်းခဲ့သည့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီအနေဖြင့် တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံရသင့်သည်ဟု ပရိသတ်များက လူမှုကွန်ရက်များတွင် မှတ်ချက်ပြုခဲ့ကြသည်။
နူးကမ့်တွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ ဘာစီလိုနာအသင်းသည် ပွဲချိန် (၇၁)မိနစ်တွင် မက်ဆီ၏ ဖန်တီးပေးမှုမှတစ်ဆင့် သွင်းယူခဲ့သည့် လူစားဝင်ကစားသမား ရာကီတစ်၏ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာအသင်း ဂိုးမရမီ ပွဲချိန် (၆၈)မိနစ်တွင် ဘီလ်ဘာအို နောက်ခံလူ ရီရေးနှင့် ဘောလုံးအပြိုင်လုရန် ကြိုးပမ်းရာ၌ ရီရေး၏ ဘယ်ဘက်ခြေထောက်ကို တက်နင်းခဲ့ခြင်းဖြစ်သည်။
ရုပ်သံအနှေးပြကွက်များအရ မက်ဆီသည် ရီရေး၏ ဘယ်ဘက်ခြေချင်းဝတ်ကို မိမိရရ တက်နင်းခဲ့ခြင်းဖြစ်ပြီး အန္တရာယ်ရှိသည့် အနေအထားဖြစ်သော်လည်း ကွင်းလယ်ဒိုင်ဖြစ်သူ ဂျီးဆပ်စ်ဂီးလ်သည် မက်ဆီကို အဝါကတ်ပင် ပြသခဲ့ခြင်းမရှိသ လို၊ VAR ကိုလည်း ပြန်ကြည့်ခဲ့ခြင်းမရှိပေ။

ပရိသတ်များသည် ယင်းအချက်ကို လူမှုကွန်ရက်များတွင် ဝေဖန်ခဲ့ကြပြီး မက်ဆီအနေဖြင့် အဆိုပါလုပ် ရပ်အတွက် တိုက်ရိုက်အနီကတ်အပြခံရသင့်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
ပရိသတ်တစ်ဦးက “မက်ဆီဟာ လာလီဂါမှာ ကာကွယ်မှုအခံရဆုံးကစားသမားပါ”ဟု မှတ်ချက်ပြုခဲ့သလို၊ အခြားပရိသတ်တစ်ဦးကလည်း “မက်ဆီလိုသာ ရာမို့စ် လုပ်ခဲ့မယ်ဆိုရင် အနီကတ်အပြခံရမှာ သေချာပါတယ်”ဟု Twitter တွင် မှတ်ချက် ပြုရေးသားခဲ့သည်။









