လီဗာပူးလ် ၄-၀ ခရစ္စတယ်ပဲလေ့စ်
ပထမပိုင်းပြီးကတည်းက ပွဲက အဖြေပေါ် သလောက်ဖြစ်သွားတယ်။ လီဗာပူးလ်ကစားတာ Perfect ပဲ။ အမှားအယွင်းမရှိဘူး။ အရမ်းလည်း မစွန့်စားဘူး။ ပွဲကို လွယ်လွယ်ကူကူထိန်းချုပ်ပြီး လွယ်လွယ်ကူကူ ဂိုးတွေသွင်းခဲ့တယ်။ ပထမပိုင်း အပြီး (၂-၀)ဆိုတဲ့ ရလဒ်က မလုံလောက်ဘူးလို့ ပြောရမှာဖြစ်ပြီး နောက်ထပ်(၂)ဂိုးလောက် ထပ်ရခဲ့သင့်တယ်။ အခွင့်အရေးကောင်းတွေအများကြီးရတယ်။ တိုင်ထိတယ်။ ရွိုင်းဟော့ဒ်ဆန်ရဲ့အသင်းအတွက် ပြဿနာအများကြီးပေါ်ခဲ့တယ်။

ဒုတိယပိုင်းလည်း မပြောင်းလဲဘူး။ Tempo က ပိုမြင့်လာတယ်။ ဆာလာ ကစားတာပိုကောင်းလာပြီး၊ ဟန်ဒါဆန်-ဖာဘင်ညို-ဝိုင်နယ်လ်ဒမ်းတို့ရဲ့ ကွင်းလယ်က ပဲလေ့စ်ကို ပိုပြီးချုပ်ကိုင်လာတယ်။ ရောဘတ်ဆန်ပေးတဲ့ ဘောလုံးကို ဖာဘင်ညိုက တတိယဂိုးအဖြစ် ကိုက် (၃၀)လောက်ကနေ ကန်သွင်းလိုက်ချိန်မှာ အဖြေထွက်တဲ့ ပွဲတစ်ပွဲဖြစ်သွားတယ်။ ခံ စစ်ဇုန်ထဲမှာ ရပ်စောင့်သလောက် ဖြစ်သွားတဲ့အတွက် ဖာဘင်ညိုက ဒီဘောလုံးကို ကန်သွင်းဖို့ Space လည်း အများကြီးရတယ်။
Time လည်း အများကြီးရလိုက်တယ်။ ဆာလာသွင်းတဲ့ ဒုတိယ ဂိုးကိုလည်း ဖာဘင်ညိုပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ Lob Pass ကို ဆာလာက ဖြတ်ဝင်၊ ရင်ဘတ် နဲ့ ထိန်းပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ပါးပါး နပ်နပ်ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးက အာနိုးလ်ရဲ့ (၂၃)မိနစ် ဖရီးကစ်ဂိုးအပြီး (၂၁)မိနစ်အကြာဖြစ်တဲ့ (၄၄)မိနစ်မှာ သွင်းယူခဲ့တာဖြစ်တယ်။

(၆၈)မိ နစ်မှာ လီဗာပူးလ်က Counter ကနေ စတုတ္ထဂိုး သွင်းခဲ့ပြီး ဆာလာရဲ့ဖန်တီးမှုနဲ့ မာနေရဲ့အဆုံးသတ်ပုံတွေက ကောင်းမွန်လွန်းခဲ့ပါတယ်။ နောက်ပို်င်းမိနစ်တွေမှာလည်း လီဗာပူးလ်ပဲ အခွင့်အရေး တွေထပ်ရခဲ့ပြီး အသုံးမချနိုင်ခဲ့ခြင်းမရှိတာကြောင့် သာ ဂိုးထပ်မရခဲ့တာပါ။ ဒါကြောင့် လီဗာပူးလ်ဟာ ပွဲအပြီးမှာ ပဲလေ့စ်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။















