ပွဲစဉ်(၃၃)နှင့် (၃၄)ကို (၂)ရက်သာခြားပြီး ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်ဇယားအား ရီးယဲလ်အသင်း မကျေမနပ်ဖြစ်နေ

ပွဲစဉ်(၃၃)နှင့် (၃၄)ကို (၂)ရက်သာခြားပြီး ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်ဇယားအား ရီးယဲလ်အသင်း မကျေမနပ်ဖြစ်နေ
Photo: Real Madrid
Photo: Real Madrid
Published 22 June 2020

ရီးယဲလ်အသင်းသည် လာလီဂါပွဲစဉ်(၃၃)နှင့် (၃၄)တွင် ဂီတာဖေးနှင့် ဘီလ်ဘာအိုတို့ကို (၂)ရက်သာခြားပြီး ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်ဇယားအား မကျေမနပ်ဖြစ်နေပြီး လာလီဂါအဖွဲ့ချုပ်ထံ အရေးဆိုသွားရန် စီစဉ်နေကြောင်း သိရှိရသည်။

လာလီဂါအဖွဲ့ချုပ်သည် ဆက်လက်ယှဉ်ပြိုင်ရမည့် လာလီဂါပွဲစဉ်များ၏ ပွဲချိန်များကို ပွဲစဉ်(၃၄)အထိ ထုတ်ပြန်ပေးခဲ့ရာ ရီးယဲလ်အသင်းအတွက် ယခုကဲ့သို့ ပြဿနာပေါ်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ဂီတာဖေးနှင့်ပွဲကို ဇူလိုင်(၂)ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘီလ်ဘာအိုနှင့်ပွဲကို ဇူလိုင်(၅)ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် တစ်ပွဲနှင့်တစ်ပွဲကြား နားချိန်(၇၂)နာရီ ရရှိခြင်း မရှိသည့်အတွက် ရီးယဲလ်အသင်းက မကျေမနပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ချန်ပီယံဆုကို အပြိုင်လုရမည့် ဘာစီလိုနာအသင်းမှာမူ အက်သလက်တီကိုနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်(၃၃)ကို ဇွန်(၃၀)၊ ဗီလာရီးယဲလ်နှင့် ပွဲစဉ်(၃၄)ကို ဇူလိုင်(၅)ရက်တွ ယှဉ်ပြိုင်ရမည်ဖြစ်၍ နားရက်အလုံအလောက်ရရှိနေသည်ဟု ထောက်ပြခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းမှာလည်း ပွဲစဉ်(၃၂)နှင့် (၃၃)ကြား၌ နားရက်(၂)ရက်သာ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent