အဲဗာတန်နှင့် လီဗာပူးလ်တို့၏ မာဆေးဆိုက်ဒ်ဒါဘီပွဲကို ဗြိတိန်တွင် ရုပ်သံမှ ကြည့်ရှုသူ (၅.၅)သန်းဖြင့် စံချိန်တင်ခဲ့

အဲဗာတန်နှင့် လီဗာပူးလ်တို့၏ မာဆေးဆိုက်ဒ်ဒါဘီပွဲကို ဗြိတိန်တွင် ရုပ်သံမှ ကြည့်ရှုသူ (၅.၅)သန်းဖြင့် စံချိန်တင်ခဲ့
Photo: Getty Images
Photo: Getty Images
Published 22 June 2020

 ပြီးခဲ့သည့် တနင်္ဂနွေညက ယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်နှင့် လီဗာပူးလ်တို့၏ မာဆေးဆိုက်ဒ်ဒါဘီပွဲကို ဗြိတိန်တွင် ရုပ်သံမှ ကြည့်ရှုသူ (၅.၅)သန်းအထိ ရှိခဲ့ပြီး ရုပ်သံပရိသတ်အများဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သော်လည်း လီဗာပူးလ်အသင်း၏ ချန်ပီယံခရီးစဉ်တွင် အရေးပါသောပွဲတစ်ပွဲ ဖြစ်နေခြင်းနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကွင်းပိတ်ယှဉ်ပြိုင်နေခြင်းတို့ကြောင့် ရုပ်သံမှ အားပေးကြည့်ရှုသူ များပြားခဲ့ခြင်းလည်းဖြစ်သည်။ 

ကိုရိုနာကပ်ဘေးကြောင့် ရပ်နားခဲ့ရသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ဗြိတိန်၌ ရုပ်သံမှ ကြည့်ရှုသည့်အရေအတွက် တောက်လျှောက်မြင့်တက်နေခဲ့ပြီး စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဘုန်းမောက်-ခရစ္စတယ်ပဲလေ့စ်ပွဲမှာလည်း ရုပ်သံပရိသတ်(၄.၅)သန်းအထိရှိခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ၂၀၁၁-၁၂ ရာသီက ရုပ်သံပရိသတ် (၄.၃)သန်းဖြင့် စံချိန်တင်ထားသော မန်စီးတီး-မန်ယူ မန်ချက်စတာဒါဘီပွဲကို ကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယခုစံချိန်သစ်တင်ခဲ့သော မာဆေးဆိုက်ဒ်ဒါဘီပွဲကို ဗြိတိန်တွင် Sky Sports မှ free-to-air အစီအစဉ်ဖြင့် ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်ပြီး ဘုန်းမောက်-ခရစ္စတယ်ပဲလေ့စ်ပွဲကို မူ BBC One နှင့် iPlayer တို့မှ ထုတ်လွှင့်ပြသခြင်းဖြစ်သည်။ 

BBC မှ တင်ဆက်သည့် Match of the Day အစီအစဉ်ကိုလည်း ကြည့်ရှုသူ မြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent