COVID-19 ကာလအတွင်း နိုင်ငံပိုင် တံတား ၆၂ စင်းနှင့် လမ်းဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် လမ်းဂိတ် ၂၄ ဂိတ်တို့ကို ဇွန် ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ အသုံးပြုခ ရာခိုင်နှုန်း ၅၀ ဖြေလျှော့ ကောက်ခံမည်

COVID-19 ကာလအတွင်း နိုင်ငံပိုင် တံတား ၆၂ စင်းနှင့် လမ်းဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် လမ်းဂိတ် ၂၄ ဂိတ်တို့ကို ဇွန် ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ အသုံးပြုခ ရာခိုင်နှုန်း ၅၀ ဖြေလျှော့ ကောက်ခံမည်
Published 16 June 2020
ပြည့်ဖြိုးအောင်

COVID-19 ကာလအတွင်း နိုင်ငံပိုင်တံတား ၆၂ စင်းနှင့် လမ်းဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် လမ်းဂိတ် ၂၄ ဂိတ်တို့ကို ဇွန် ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ ခြောက်လ အသုံးပြုခ ရာခိုင်နှုန်း ၅၀ ဖြေလျှော့ ကောက်ခံမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြောကြားသည်။

ဇွန် ၁၅ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များကို ရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ လမ်းဦးစီးဌာနအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါ ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုများအပေါ် ပြည်သူလူထုအား တစ်ဖက်တစ်လှမ်းမှ သက်သာချောင်ချိရေး ဖြစ်စေရန် ရည်ရွယ်ပြီးတော့ နိုင်ငံပိုင်တံတား ၆၂ စင်းနဲ့ ဌာနမှ ကောက်ခံသည့် လမ်းဂိတ် ၂၄ ဂိတ် စုစုပေါင်း ၈၆ ခုတို့ရဲ့ အသုံးပြုခ ကောက်ခံနှုန်းထားများအား ၅၀ ရာခိုင်နှုန်း ဖြေလျှော့ ကောက်ခံခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ ခြောက်လ ဖြေလျှော့ကောက်ခံသွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါ အသုံးပြုခ ရာခိုင်နှုန်း ၅၀ ဖြေလျှော့ကောက်ခံမည့် တံတားများအနေဖြင့် ကရင်ပြည်နယ်ရှိ တံတား လေးစင်းဖြစ်သည့် သံလွင် (ဘားအံ) တံတား၊ နောင်လုံတံတား၊ လှိုင်ချောင်းတံတား၊ ဒုံသမိတံတား၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ တံတား ခုနစ်စင်းဖြစ်သည့် ရွှေလီ (ငါးအို့) တံတား၊ ဧရာဝတီ (ထီးချိုင့်) တံတား၊ ဧရာဝတီ (ရတနာသိင်္ခ) တံတား၊ ဧရာဝတီ (ရတနာပုံ) တံတား၊ ညောင်ပင်ဝန်းတံတား၊ ချင်းတွင်း (မုံရွာ) တံတား၊ မြောက်ယမားချောင်းတံတား တို့ဖြစ်သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အိမ်ရှေ့ပြင်ဂိတ်၊ ပေါက်တိုင်းဂိတ်၊ ကော့သောင်းဂိတ်နှင့် ကျွဲကူး-ကျောက်ဖျာတံတား၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူး (သနပ္ပင်) ဂိတ်၊ ပန်းတောင်း၊ (ပု-မုံ) ဂိတ်၊ ပေါက်ခေါင်းဂိတ်နှင့် စစ်တောင်း (ရွှေကျင်) တံတား၊ သူရဲတန်းတံတား၊ စစ်တောင်း (မုပုပ္ပလင်) တံတား၊ ကောလိယတံတား၊ ရဲန ွယ်တံတား၊ ခပေါင်းတံတား၊ ကွင်းချောင်းတံတား၊ ဖြူးချောင်းတံတား၊ ဆွာချောင်းတံတား၊ နဝဒေးတံတား၊ ကျွန်းကလေးတံတား၊ မကွေးတိုင်းဒေသကြီးရှိ မင်းဘူး (၁) ဂိတ်၊ မဒါန်း (၁) ဂိတ်၊ ပဒါန်း (၂) ဂိတ်၊ ဂန့်ဂေါဂိတ်နှင့် နွယ်တမယ်တံတား၊ ကန်လည်တံတား၊ အနော်ရထာ (ချောက်) တံတား၊ ယင်းချောင်း (မကွေး) တံတား၊ ဒေါင်းနေချောင်းတံတား၊ ပင်းချောင်းတံတား၊ ဧရာဝတီ (မကွေး) တံတား၊ မုန်းချောင်းတံတား၊ ကိုးပင်တံတားနှင့် ဘွက်ကြီးတံတား တို့ဖြစ်သည်။

အလားတူ မန္တလေးတိုင်းဒေသကြီးရှိ ဟံမြင့်မိုရ်ဂိတ်၊ မြစ်သားဂိတ်၊ ကျောက်ပန်းတောင်း (အထွက်) ဂိတ်၊ (၇) မိုင်လမ်းဆုံဂိတ်နှင့် စမုံတံတား၊ မြစ်ငယ်တံတား၊ သူရဲချောင်းတံတား၊ စမုံ (ဘုရားငါးဆူ) တံတား၊ ပြည်ညောင်တံတား၊ တံငါတံတား၊ လက်ပံလှတံတား၊ ကျောက်အိုးတံတား၊ ဧရာဝတီ (ပခုက္ကူ) တံတား၊ မွန်ပြည်နယ်ရှိ သံဖြူဇရပ်ဂိတ်၊ ရေးဂိတ်နှင့် သံလွင် (မော်လမြိုင်) တံတား၊ ဘီးလင်းချောင်းတံတား၊ သံဖြူချောင်းတံတား၊ အတ္တရံတံတား၊ ဂျိုင်း (ဇာသပြင်) တံတား၊ ဝင်းဖနုံတံတား၊ နှီးပဒေါတံတား တို့ဖြစ်သည်။

ယင်းအပြင် ရှမ်းပြည်နယ်ရှိ အောင်ပန်း - ပွေးလှဂိတ်၊ အောင်ပန်း-ပင်လောင်-အောင်ပိန်းဂိတ်၊ ကျုံး၊ အောင်ပန်း၊ ဟံမြင့်မိုရ်ဂိတ်၊ ကွန်ဟိန်းဂိတ်နှင့် ကွန်ဟိန်းတံတား၊ မိုင်းပွန်တံတား၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ  ခါးသျှိ (မယ်ဟန်-ဟိုယ) ဂိတ်၊ သီပေါ၊ သီပေါ-မိုးတေ-မန်လီဂိတ်နှင့် ကွမ်းလုံတံတား၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကြိမ်ပင်ဆည်ဂိတ်၊ ရေနံ့သာဂိတ်နှင့် ဖျာပုံတံတား၊ ငဝန်တံတား၊ ဒေးဒရဲတံတား၊ မြောင်းမြတံတား၊ မအူပင်တံတား၊ ဗိုလ်မြတ်ထွန်းတံတား၊ ဧရာဝတီ (ညောင်တုန်း) တံတား၊ ဒါးကတံတား၊ ပုသိမ်တံတား၊ ကျောင်းကုန်းတံတား တို့ဖြစ်သည်။

Most Read

Most Recent