ကာတာ၊ အီတလီ၊ ဘရာဇီး စသည့် နိုင်ငံများတွင် ပိတ်မိနေပြီး ပြန်လာရန် အခက်အခဲရှိနေသူများကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်

ကာတာ၊ အီတလီ၊ ဘရာဇီး စသည့် နိုင်ငံများတွင် ပိတ်မိနေပြီး ပြန်လာရန် အခက်အခဲရှိနေသူများကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်
Published 15 June 2020

ကာတာ၊ အီတလီ၊ ဘရာဇီး စသည့်နိုင်ငံများတွင် ပိတ်မိနေပြီး ပြန်လာရန် အခက်အခဲရှိနေသူများကို ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ခရီးသည်များမှာ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများဖြစ်ပြီး ပြန်လည်ခေါ်ဆောင်ခဲ့သည့် နိုင်ငံများမှာ ကာတာနိုင်ငံမှ ၆၁ ဦးနှင့် အီတလီနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ ၁၃ ဦး စုစုပေါင်း ၇၄ ဦးတို့အား ဒိုဟာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့မှာ မြန်မာနိုင်ငံသို့ ဇွန် ၁၄ ရက် ည ၁၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ကျန်းမာရေးစိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ဇွန် ၁၅ ရက်အထိ ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၃၇၆၂ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

Most Read

Most Recent