နေးဗက်စ်နှင့် အဒါမာထရာအိုရေး အတွက် လီဗာပူးလ်အသင်း ပေါင်သန်း(၁၁၀) သုံးမည်

နေးဗက်စ်နှင့် အဒါမာထရာအိုရေး အတွက် လီဗာပူးလ်အသင်း ပေါင်သန်း(၁၁၀) သုံးမည်
Photo : Daily Mail
Photo : Daily Mail
Published 15 June 2020

လီဗာပူးလ်အသင်းသည် ဝုလ်ဗ်အသင်း ၏ ကစားသမားနှစ်ဦးဖြစ်သူ ပေါ်တူဂီကွင်းလယ်လူ နေးဗက်စ် (၂ ၃ နှစ်)နှင့် စပိန်တောင်ပံကစားသမား အဒါမာထရာအိုရေး(၂၄ နှစ်)တို့အား ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၁၀)အထိ အသုံးပြုသွားမည်ဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် မူလက ဝုလ်ဗ်အသင်းမှ ထရာအိုရေးကိုခေါ်ယူရန် မျက်စိကျနေရာမှ ယခုနေးဗက်စ်ကိုလည်း တစ်ပါတည်းခေါ်ယူရန် ပစ်မှတ် ထားနေခြင်းဖြစ်သည်။

၎င်းတို့ (၂)ဦးစလုံးသည် ယခုရာသီတွင် ဝုလ်ဗ်အသင်းအတွက် ခြေစွမ်းပြကစားနေသူများဖြစ်ကြပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲစီကစားပြီး နှစ်ဦးပေါင်း (၁၀) ဂိုး သွင်းယူပေးထားသည်။

၎င်းတို့၏ ခြေစွမ်းပြမှုနှင့်အတူ ဝုလ်ဗ်အသင်းမှာ ရလဒ်ကောင်းများ ရရှိနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်(၆)နေရာ၌ ရပ်တည်နေသည်။

လီဗာပူးလ်အသင်းတွင် ရှာကီရီ၊ လယ်လာနာစသည့်ကစားသမားများမှာ ယခုရာသီကုန်တွင် အသင်းမှထွက်ခွာရန် သေချာသလောက်ရှိနေသည်။

ထို့ပြင် အော်ရီဂီ၊ ၀ိုင်နယ်လ်ဒမ်း၊ ကီတာတို့၏အနာဂတ်များမှာလည်း သေချာမှုမရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

 

Most Read

Most Recent