နာပိုလီဂိုးသွင်းစံချိန်ရှင် မာတင်စ်ကို အသင်းဖော် ကူလီဘလီ ချီးကျူး

နာပိုလီဂိုးသွင်းစံချိန်ရှင် မာတင်စ်ကို အသင်းဖော် ကူလီဘလီ ချီးကျူး
Photo : Goal
Photo : Goal
Published 15 June 2020

နာပိုလီအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသည့် ဒရီးစ်မာတင်စ်ကို အသင်းဖော် နောက်ခံလူ ကူလီဘလီက ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။

'' သူဟာ အလွန်တိုးတက်ခဲ့ပြီး ရှေ့မှာ စစ်မှန်တဲ့ အဆုံးသတ်သမားကောင်းတစ်ဦး ဖြစ်လာခဲ့တယ်။ သူဟာ ဟီဂွါအင်လိုပါပဲ။ အရာရာတိုင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ သူသိပါတယ်။ ဒီအသင်းလူစာရင်းအတွက် အမှန်ကန်ဆုံးအရေးပါတဲ့သူပါ။ သူနဲ့အတူ တစ်သင်းတည်းကစားနေရလို့ ကျွန်တော် အလွန်ဂုဏ်ယူမိပါတယ်''ဟု ကူလီဘလီက ပြောကြားခဲ့သည်။        

့်အင်တာမီလန်အသင်းနှင့် ကိုပါအီတာလီ ယာဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဂိုးတစ်ဂိုးသွင်းယူခဲ့သူ  တိုက်စစ်ကစားသမား မာတင်စ်သည် နာပိုလီအသင်းသမိုင်းတစ် လျှောက်ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်ခဲ့သည်။  

မာတင်စ်သည် အင်တာမီလန်နှင့်ပွဲတွင် နာပိုလီအသင်း ဗိုလ်လုပွဲ တက်ရောက်ခွင့်ရမည့်ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ယင်းသွင်းဂိုးသည် မာတင်စ်၏ နာပိုလီကစားသမားဘဝ (၁၂၂)ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့သည်။

နာပိုလီအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူ (၃)ဦးမှာ မာတင်စ် (၁၂၂)ဂိုး၊ ဟမ်ဆမ် (၁၂၁)ဂိုး၊ မာရာဒိုနာ (၁၁၅)ဂိုး တို့ဖြစ်ကြောင်း သိရသည်။

မာတင်စ်သည် နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ(၃၁၀)ပွဲကစားပြီးချိန်တွင် (၁၂၂)ဂိုးသွင်းယူ ထားနိုင်သလို၊ ဂိုးဖန်တီးမှု (၇၃)ကြိမ် ပြုလုပ်ထားနိုင်သည်။

Most Read

Most Recent