ဂျာမန်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photos : Leverkusen Facebook
Photos : Leverkusen Facebook
Published 9 June 2020

ဆဲလ်ဘရွတ် နှင့် လေဗာကူဆင်(မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် နံနက် ၁း၁၅ နာရီ)

ဆဲလ်ဘရွတ်အသင်းက ဂျာမန်စတုတ္ထတန်းအဆင့်က Sudwest လိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့အသင်းပါ။ ဒါပေမဲ့ လိဂ်ပြိုင်ပွဲတွေက ဖျက်သိမ်းခဲ့ပြီးဖြစ်လို့ ဆဲလ်ဘရွတ်အနေနဲ့ အ ဆင့်ချင်းများစွာကွာတဲ့ ဘွန်ဒစ်လီဂါက ထိပ်သီးအသင်းတစ်သင်းကို ရင်ဆိုင်ကစားဖို့ဆိုတာ ပိုခက်ခဲနိုင်ပါတယ်။ ဆဲလ်ဘရွတ်က အခုရာသီ ဂျာမန်ဖလားပွဲတွေကို အိမ်ကွင်းတွေမှာပဲ တောက်လျှောက်ကစားခဲ့ရပြီး ကိုလုံး၊ ဒစ်ဆယ်ဒေါ့ဖ်အသင်းတွေကို ကျော်ဖြတ်ခဲ့တာပါ။ လေဗာကူဆင်အသင်းမှာ ဟာဗက်ဇ် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖွယ်မရှိပေမယ့် ဗော် လန်း၊ အလာရီယိုတို့ရှိနေလို့ တိုက်စစ်ပိုင်း အားလျော့ဖွယ်မရှိဘူး။ အဝေးကွင်းရလဒ်တွေကောင်းနေတဲ့ လေဗာကူဆင်ကိုပဲ ကြိုက်တယ်။

■ FACTS

 

- ဆဲလ်ဘရွတ်အသင်းသည် ဂျာမန်ဖလားနောက်ဆုံး(၅)ပွဲကို ရှုံးပွဲမရှိကစားထားနိုင်ခဲ့သည်။

- လေဗာကူဆင်အသင်းသည် ဂျာမန်ဖလားနောက်ဆုံး(၇)ပွဲတွင် (၆)ပွဲအထိ အနိုင်ကစားထားပြီး နောက်ဆုံး(၆)ပွဲ၌ (၅)ပွဲမှာ နှစ်သင်းပေါင်းသွင်းဂိုး (၂.၅)ဂိုးအထက်တွင် ရှိခဲ့သည်။

Most Read

Most Recent