မေရိုးကျိုးဒဏ်ရာကို ခြောက်လကြာ ကုသခဲ့ရသည့် ဖျံသွေး ပုံမှန်အတိုင်း လေ့ကျင့်နိုင်တော့မည်

မေရိုးကျိုးဒဏ်ရာကို ခြောက်လကြာ ကုသခဲ့ရသည့် ဖျံသွေး ပုံမှန်အတိုင်း လေ့ကျင့်နိုင်တော့မည်
Photos : Phyan Thwe, Myanmar Lethwei Collection Facebook
Photos : Phyan Thwe, Myanmar Lethwei Collection Facebook
Published 9 June 2020

မေးရိုးကျိုးဒဏ်ရာကြောင့် ခြောက်လကြာကုသမှုခံယူခဲ့ရသည့် မြန်မာ့ရိုးရာလက်ဝှေ့သမား ဖျံသွေးသည် ဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစ်ပြီး ပုံမှန်အတိုင်း ပြန်လည် လေ့ကျင့်နိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။

''ပြီးခဲ့တဲ့အပတ်ထဲမှာပဲ မေးရိုးထဲထည့်ထားတဲ့ စတီးတွေကို ပြန်ထုတ်နိုင်ခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ဒီအနာကျက်ရင် ပုံမှန်အတိုင်း လေ့ကျင့်မှုတွေ ပြန်လုပ်နိုင်တော့မှာပါ''ဟု ဖျံသွေး၏ လက်ဝှေ့ကလပ်ဖြစ်သော ထူးမေတ္တာထူးလက်ဝှေ့ကလပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်သန့်ကိုက အတည်ပြုပြောကြားသည်။

ဖျံသွေးသည် မေးရိုးကျိုးဒဏ်ရာကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။

ယင်းဒဏ်ရာကို ပြီးခဲ့သည့် ဇွန် ၄ ရက်က ပြန်လည်စစ်ဆေးရာ ကောင်းမွန်သွားပြီဖြစ်ကြောင်း ဆရာဝန်က အတည်ပြုခဲ့သည်။

ဖျံသွေးသည် မေးရိုးကျိုးဒဏ်ရာကို (၆၄) ကြိမ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် လက်ဝှေ့စိန်ခေါ်ပွဲတွင် ရရှိခဲ့ခြင်းဖြစ်ပြီး မွေထိုင်းလက်ဝှေ့သမား ဖားပရပ်၏ ခြေ ကန်ချက်ကြောင့် မေးရိုးကျိုးသွားခြင်းဖြစ်သည်။

ဒဏ်ရာကို ခြောက်လကြာ ကုသခဲ့ရပြီး လက်ရှိအချိန်တွင် လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

 

Most Read

Most Recent