စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ပါက အူဘာမီယန်းအား ရောင်းချရန် အာဆင်နယ်အသင်းကို ရေးပါလာ တိုက်တွန်း

စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ပါက အူဘာမီယန်းအား ရောင်းချရန် အာဆင်နယ်အသင်းကို ရေးပါလာ တိုက်တွန်း
Photos: Getty Images & talkSPORT
Photos: Getty Images & talkSPORT
Published 6 June 2020

အာဆင်နယ်အသင်းအနေဖြင့် အသင်းတိုက်စစ်မှူး အူဘာမီယန်းအား စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ပါက လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းချသင့်သည်ဟု အာဆင်နယ်ကွင်းလယ်လူဟောင်း ရေးပါလာက တိုက်တွန်းပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းနှင့် ချုပ်ဆိုထားသည့် အူဘာမီယန်း၏ စာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေရာသီတွင် မရောင်းချပါက ၂၀၂၁ ခုနှစ်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရမည်ဖြစ်သည်။ 

ထို့ကြောင့် ရေးပါလာက အူဘာမီယန်းသာ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ပါက အာဆင်နယ်အသင်းအနေဖြင့် ၎င်းကို ရောင်းချပြီး ယင်းမှရသည့် ငွေကြေးဖြင့် ကစားသမားသစ်များ ခေါ်ယူသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"တကယ်လို့ အူဘာမီယန်းအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းအနေနဲ့ သူ့ကို ရောင်းချပြီး သူ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ရှာဖွေသင့်ပါတယ်။ အသင်းမှာ မနေချင်တော့တဲ့ ကစားသမားကို ဆက်ထိန်းထားဖို့ဆိုတာ အရမ်းခက်ပါတယ်။ ကျွန်တော်ကတော့ အူဘာမီယန်းကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ဒါက နည်းပြအပေါ်မှာလည်း မူတည်ပြီး အာတီတာအနေနဲ့ အူဘာမီယန်းကို ယုံကြည်အောင် ဆွဲဆောင်နိုင်မယ်ဆိုရင်တော့ အဆင်ပြေမှာပါ"ဟု ရေးပါလာက ပြောကြားခဲ့သည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် အာဆင်နယ်အသင်းတွင် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၉၇) ပွဲတွင် (၆၁)ဂိုးအထိ သွင်းယူထားသူဖြစ်သည်။ 

အူဘာမီယန်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားလိုသည့်အတွက် အာဆင်နယ်အသင်းကို စွန့်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းကို ခေါ်ယူရန် ဘာစီလိုနာ၊ PSG နှင့် အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent