မက်ဆီ၏ ဒဏ်ရာမှာ အသေးစားဒဏ်ရာသာဖြစ်ပြီး ရက်ပိုင်းအတွင်း လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မည်ဟု ဘာစီလိုနာအသင်း ထုတ်ပြန်

မက်ဆီ၏ ဒဏ်ရာမှာ အသေးစားဒဏ်ရာသာဖြစ်ပြီး ရက်ပိုင်းအတွင်း လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မည်ဟု ဘာစီလိုနာအသင်း ထုတ်ပြန်
Photos: Getty Images
Photos: Getty Images
Published 5 June 2020

ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင် မက်ဆီ ဒဏ်ရာရရှိနေကြောင်း အတည်ပြုခဲ့ပြီး အသေးစားဒဏ်ရာဖြစ်သဖြင့် ရက်ပိုင်းအတွင်း အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင် မက်ဆီ ဒဏ်ရာရရှိနေကြောင်း အတည်ပြုခဲ့ပြီး အသေးစားဒဏ်ရာဖြစ်သဖြင့် ရက်ပိုင်းအတွင်း အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ယနေ့ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်တွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်းမရှိဘဲ တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခဲ့ရကြောင်း သိရသည်။ 

ထို့ကြောင့် မက်ဆီမှာ ဒဏ်ရာရရှိနေပြီး ဇွန်လ (၁၄)ရက်တွင် ကစားမည့် မာယော့ကာနှင့် လာလီဂါပွဲစဉ်ကို လွဲချော်ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။ 

သို့သော် ဘာစီလိုနာအသင်းက မက်ဆီ၏ဒဏ်ရာရရှိနေသည်မှာ မှန်ကန်သော်လည်း အသေးစားဒဏ်ရာသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်း၏ ထုတ်ပြန်ချက်တွင် "တစ်ရက်နားပြီးနောက် သောကြာနေ့တွင် ဆယ်တီယန်နှင့် သူ့အသင်းသားများသည် လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြကြောင်း၊ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီမှာ ညာဘက်ပေါင်တွင် အသေးစားကြွက်သားဒဏ်ရာရရှိနေသည့်အတွက် အသင်းနှင့် လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိဘဲ တစ်ဦးတည်း လေ့ကျင့်ခန်း ဆင်းခဲ့ကြောင်း၊ မက်ဆီအနေဖြင့် ရက်ပိုင်းအတွင်းတွင် အသင်းနှင့် လေ့ကျင့်ပြန်ဆင်းနိုင်မည်ဖြစ်သော်လည်း စွန့်စားလိုခြင်း မရှိသည့်အတွက် မက်ဆီကို (၈)ရက်လောက်အထိ အသင်းနှင့် လေ့ကျင့်ခန်းမဆင်းရန် ညွှန်ကြားထားကြောင်း"ဖော်ပြပါရှိသည်။ 

မက်ဆီသည် ပေါင်ကြွက်သားဒဏ်ရာကြောင့် ၂၀၁၉-၂၀ ရာသီ၏ အစောပိုင်းပွဲစဉ်များကို လွဲချော်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent