အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အားခေါ်ယူရန်ဘာစီလိုနာ လက်လျှော့မည်မဟုတ်

Photos: Getty Images
Photos: Getty Images
Published 3 June 2020

အသက် (၂၂)အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အားခေါ်ယူရန်အတွက် ဘာစီလိုနာအသင်းသည် အစောပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အင်တာမီလန်အသင်းအားကစား ဒါရိုက်တာ အူစီလီအိုက ၎င်းတို့ ကစားသမားကို ခေါ်ယူလိုပါက စာချုပ်လျော်ကြေး ယူရို (၁၁၁)သန်းကို အပြည့်အဝပေးချေရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် အင်တာမီလန်အသင်း၏ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် အားခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးနှင့် ပတ်သက်ပြီး အခက်အခဲများရှိနေသော်လည်း လက်လျှော့မည်မဟုတ်ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။ 

အသက် (၂၂)အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အားခေါ်ယူရန်အတွက် ဘာစီလိုနာအသင်းသည် အစောပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အင်တာမီလန်အသင်းအားကစား ဒါရိုက်တာ အူစီလီအိုက ၎င်းတို့ ကစားသမားကို ခေါ်ယူလိုပါက စာချုပ်လျော်ကြေး ယူရို (၁၁၁)သန်းကို အပြည့်အဝပေးချေရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ယင်းငွေပမာဏကိုအပြည့် အဝပေးချေလိုခြင်းမရှိဘဲ အသင်းမှကစားသမားအလိုက်ပေးခေါ်ယူရန်သာ ဆန္ဒရှိနေကြောင်းသိရသည်။

Most Read

Most Recent