ဆန်ချို၊ ဟာကီမီ၊ မက်ကန်နီးတို့ကို စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ် ပြန်လည်ရှင်းလင်း

ဆန်ချို၊ ဟာကီမီ၊ မက်ကန်နီးတို့ကို စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ် ပြန်လည်ရှင်းလင်း
Photos: Getty Images
Photos: Getty Images
Published 3 June 2020

အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ လူမဆန်စွာပြုမူမှုကြောင့် လူမည်းအမျိုးသားတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်ကို ဆန္ဒထုတ်ဖော်ခဲ့သည့် ဘွန်ဒစ်လီဂါကစားသမား(၃)ဦး အပေါ် စုံစမ်းစစ်ဆေးနေမှုများနှင့် ပတ်သက်ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB)က ပြန်လည်ရှင်းလင်းခဲ့သည်။

ဒေါ့မွန်ကစားသမားများဖြစ်သည့် ဆန်ချိုနှင့် ဟာကီမီ၊ ရှော်လ်ကေးအသင်းမှ အမေရိကန်ကွင်းလယ်လူ မက်ကန်နီးတို့က သေဆုံးခဲ့သူ ဂျော့ချ်ဖလွိုက်အတွက် တရားမျှတမှုရှိစေရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

ဘောလုံးဥပဒေရေးဆွဲသည့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB) လမ်းညွှန်ချက်အတိုင်း အဆိုပါဖြစ်စဉ်များကို DFB ၏စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြန်လည်သုံးသပ်ခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် (၂၉) တွင် မိုချန်ဂလာဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်မှာလည်း ဒူးတစ်ဖက်ထောက်ကာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ယခုစုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခြင်းမရှိဘဲ DFB သည် ဆန်ချို၊ ဟာကီမီ၊ မက်ကန်နီးတို့ (၃)ဦး၏လုပ်ရပ်ကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

DFB အနေဖြင့် လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရသော်လည်း ယင်းကစားသမားများ၏အပြုအမူအတွက် DFB ဥက္ကဋ္ဌ ဖရစ်ဇ်ကယ်လာက ချီးကျူးခဲ့သည်။

Most Read

Most Recent