နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို ကြွေးကျန်ခွင့်ပြုခြင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်များအတွက် နိုင်ငံဘဏ္ဍာမှ တောင်းခံခွင့်ရှိနေခြင်းနှင့်ပတ်သက်၍ ပမာဏကြီးမားစွာ လွဲချော်နေခြင်းကို မည်သို့ဖြေရှင်း ဆောင်ရွက်မည်နည်းဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို ကြွေးကျန်ခွင့်ပြုခြင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်များအတွက် နိုင်ငံဘဏ္ဍာမှ တောင်းခံခွင့်ရှိနေခြင်းနှင့်ပတ်သက်၍ ပမာဏကြီးမားစွာ လွဲချော်နေခြင်းကို မည်သို့ဖြေရှင်း ဆောင်ရွက်မည်နည်းဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
Published 23 May 2020
အောင်မင်းသိန်း

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ကြွေးကျန်ခွင့်ပြုခြင်း၊ နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်များအတွက် နိုင်ငံဘဏ္ဍာမှတောင်းခံခွင့်ရှိနေခြင်းနှင့်ပတ်သက်၍ ပမာဏကြီးမား စွာလွဲချော်နေခြင်းကို မည်သို့ဖြေရှင်းဆောင် ရွက်မည်နည်းဟု ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

မေ ၂၂ ရက်က ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ခု၊ ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ  ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ကျွန်မ သိလိုတာက အဘယ့်ကြောင့် နှစ်စဉ် အမြတ်ရနေကြတဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နှစ်အဆက်ဆက် ကြွေးကျန်ခွင့်ပြုခဲ့သလဲဆိုတာနဲ့ နိုင်ငံတော်သို့ ပေးသွင်းရမယ့် အခွန်အခများအတွက် နိုင်ငံ့ဘဏ္ဍာကပဲ အသုံးစရိတ်ခေါင်းစဉ်နဲ့ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံခွင့်ရှိနေ ရတာလဲဆိုတဲ့ အချက်တွေဘဲ ဖြစ်ပါတယ်။ ကျွန်မရဲ့ ထောက်ပြဆွေးနွေးချက်တွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ အကျိုး အတွက်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာမှာ ဒီလိုပမာ ဏကြီးမားစွာ လွဲချော်နေတာကို တာဝန်ရှိသူ များအနေနဲ့ ဘယ်လိုဖြေရှင်းဆောင်ရွက်မှာ လဲဆိုတာကို မေးခွန်းထုတ်လိုပါတယ်”ဟု ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လိုငွေပြဘတ် ဂျက်နှင့် တိုင်းပြည်တည်ဆောက်နေရပြီး ဘတ်ဂျက်လိုငွေကို ပြည်တွင်းပြည်ပချေးငွေ များရယူပြီး ဖြည့်ဆည်းနေရသည့် အချိန်တွင် ဘတ်ဂျက်လိုငွေ ပိုမိုများပြားစေသည့် ဖြစ်စဉ် များကို ကုစားရန်၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲ ရေး ပြုပြင်ပြောင်းလဲခြင်းနှင့် နိုင်ငံတော်ပိုင် စီးပွားရေးများ ပြုပြင်ပြောင်းလဲရေးကို ထိထိ ရောက်ရောက် ဆောင်ရွက်ရန် အချိန်ကျ ရောက်ပြီဖြစ်ကြောင်းလည်း ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းဆွေးနွေးခဲ့သည်။

ဒေါက်တာသက်သက်ခိုင်က “မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မပါ နိုင်ငံတော်ပိုင်စီးပွား ရေးအဖွဲ့အစည်းများရဲ့ ဖြည့်စွက်တောင်းခံ ငွေဟာ ကျပ် ၁၇၉၄ ဒသမ ၄၀၂ ဘီလျံရှိပြီး စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလျံ ရဲ့ ၆၇ ဒသမ ၄၃ ရာခိုင်နှုန်းရှိတာကို တွေ့ရ ပါတယ်။ နိုင်ငံ တော်ပိုင်စီးပွားရေးလုပ်ငန်းများရဲ့ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုမှာ အသုံးစရိတ်အမျိုး အစားလေးခုပါဝင်ပြီး ပထမအသုံးစရိတ် အမျိုးအစားဟာ နိုင်ငံတော်သို့ ရငွေအဖြစ် ပေးသွင်းရန် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နဲ့ နိုင်ငံတော်ထည့်ဝင်ငွေတွေ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ဖြည့်စွက်တောင်းခံငွေများတွင် အသုံး စရိတ်အမျိုးအစားအလိုက် ဖြည့်စွက်ခွင့်ပြု ငွေ တောင်းခံမှု ဇယားစဉ် (၁) တွင်နိုင်ငံတော် သို့ ရငွေအဖြစ်ပေးသွင်းရန် ကျပ် ၁၅၅၆ ဒသမ ၂၀၄ ဘီလျံဖြစ်ပြီး နိုင်ငံတော်ပိုင် စီးပွား ရေးအဖွဲ့အစည်းများ၏ စုစုပေါင်း ဖြည့်စွက် တောင်းခံမှုများ၏ ၈၆ ဒသမ ၇၂ ရာခိုင်နှုန်း ရှိနေသည်ကို တွေ့ရကြောင်း ဒေါက်တာသက် သက်ခိုင်က ပြောကြားသည်။

“အထက်ဖော်ပြပါ နိုင်ငံတော်ပိုင် စီးပွား ရေးလုပ်ငန်းများရဲ့ နိုင်ငံတော်သို့ ရငွေအဖြစ် ပေးသွင်းရမယ့် အခွန်အခများကို အသုံးစ ရိတ်မှာ ထည့်သွင်းဖော်ပြတောင်းခံခြင်းဟာ သဘောတရား ဥပမာအနေနဲ့ ပြောရရင် အကြွေးပေးရန် တာဝန်ရှိသူက အကြွေးရရန် တာဝန်ရှိသူထံ စရိတ်အနေနဲ့ ဖော်ပြတောင်းခံ ပြီး အကြွေးပြန်ဆပ်တဲ့ သဘောဖြစ်နေပါ တယ်”ဟု ဒေါက်တာသက်သက်ခိုင်က ဆွေး နွေးခဲ့သည်။

နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများမှ နိုင်ငံတော်သို့ ရငွေအဖြစ် ပေးသွင်းရမည့် အခွန်အခများထဲတွင် မြန်မာရေနံနှင့် သဘာ ဝဓာတ်ငွေ့လုပ်ငန်းမှ ကျပ် ၄၆၂ ဒသမ ၈၆၂ ဘီလျံ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ် ၂၁၆ ဒသမ ၂၆၁ ဘီလျံ၊ အမှတ်(၁)သတ္တု တွင်းလုပ်ငန်းမှ ကျပ် ၇ ဒသမ၂၄၆ ဘီလျံနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ကျပ် ၁၉ ဒသမ ၅၈ ဘီလျံ၊ စုစု ပေါင်း နိုင်ငံတော်ပိုင်အဖွဲ့အစည်းလေးခု၏ နှစ်အဆက်ဆက်ပေးသွင်းရန်ကျန်သည့် အကြွေးကျန် စုစုပေါင်း ကျပ် ၇၀၅ ဒသမ ၉၄၉ ဘီလျံကို နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးတွင် ထည့်သွင်း တောင်းခံထားခြင်း ကို တွေ့ရကြောင်း ဒေါက် တာသက်သက်ခိုင်က လွှတ်တော်၌ ထည့်သွင်းဆွေးနွေးခဲ့သည်။

 

Most Read

Most Recent