WTI ရေနံစျေး တစ်စည် ၃၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ နှစ်ပတ်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၈၀ အထိ ပြန်လည်မြင့်တက်

WTI ရေနံစျေး တစ်စည် ၃၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ နှစ်ပတ်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၈၀ အထိ ပြန်လည်မြင့်တက်
ရန်ကုန်မြို့လယ်ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်တွင် ယာဉ်တစ်စီး ဆီဖြည့်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့လယ်ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်တွင် ယာဉ်တစ်စီး ဆီဖြည့်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 19 May 2020
စည်သူအောင်

WTI ရေနံစျေးသည် မေ ၁၉ ရက်တွင်  တစ်စည် ၃၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်း  စျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ နှစ်ပတ်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၈၀ အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မေ ၆ ရက်နှင့် မေ ၁၉ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက 92 Ron တစ်လီတာ ကျပ် ၈၀၊ 95 Ron တစ်လီတာ ၆၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၃၅ ကျပ် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

WTI ရေနံစျေးသည် ဧပြီတတိယပတ်တွင် သုညဒေါ်လာနှုန်းအောက် ကျဆင်းခဲ့ပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ ငါးလနီးပါး (ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အထိ) အတွင်း တစ်လီတာ ကျပ် ၅၅၀ မှ ၆၀၅ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက် ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အ ထက် ပြန်ရောက်ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင်     ၆၂  ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင် ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ် လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊  မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ၊ မတ် ၁၈ ရက် တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာအောက် ကျဆင်းခဲ့သည်။

မေ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ်၄၇၀ (တစ်ဂါလန် ၂၁၃၆ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၄၈၀ (တစ်ဂါလန် ၂၁၈၂ ကျပ်)၊ အောက် တိန်း 92 Ron တစ်လီတာ ကျပ် ၃၈၀ (တစ် ဂါလန် ၁၇၂၇ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ  ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၃ ကျပ်) ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက် နှင့် မေ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်လီတာ စျေးနှုန်းများ နှိုင်းယှဉ်ပါက ဒီဇယ်  ကျပ် ၅၅၀ (၅၅ ဒသမ ၈၃ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် ကျပ် ၅၅၀ (၅၅ ဒသမ ၂၇ ရာ ခိုင်နှုန်း)၊ အောက်တိန်း 92 Ron ၆၀၅ ကျပ် (၆၆ ဒသမ ၈၅ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron ကျပ် ၅၆၀ (၅၆ ဒသမ ၂၈ ရာခိုင်နှုန်း) အထိ ကျဆင်းခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အ ထိဖြစ်ပေါ်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက် သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့် တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်း များ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန် (၂၁ ရက် အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည် မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့ သည်။ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅  ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိပြန် တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက် တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တို ဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ် လီတာ ၁၀ ကျပ်မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့ သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ်အထိ၊ နိုဝင် ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ကျပ် ၅၅၀ မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းကာ မေ ၆ ရက်မှ မေ ၁၉ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၈၀ အထိ ပြန်တက်ခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်)၊ ပရီမီယံဒီ ဇယ်တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်သည်။    

Most Read

Most Recent