PTTEP က လက်ရှိဖြစ်ပွားနေသည့် ရေနံစျေးနှုန်း အကျပ်အတည်းနှင့် COVID-19 စိန်ခေါ်မှုများကြောင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ပြင်ဆင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ် ကာလအတွက် အသားတင် အမြတ်ငွေဒေါ်လာ ၂၇၅ သန်းရှိကြောင်း ထုတ်ပြန်

PTTEP က လက်ရှိဖြစ်ပွားနေသည့် ရေနံစျေးနှုန်း အကျပ်အတည်းနှင့် COVID-19 စိန်ခေါ်မှုများကြောင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ပြင်ဆင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ် ကာလအတွက် အသားတင် အမြတ်ငွေဒေါ်လာ ၂၇၅ သန်းရှိကြောင်း ထုတ်ပြန်
Published 19 May 2020
နီလာ

PTTEP က လက်ရှိ ဖြစ်ပွားနေသည့် ရေနံစျေးနှုန်း အကျပ်အတည်းနှင့် COVID-19 ၏ စိန်ခေါ်မှုများကြောင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းနှင့်အတူ ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ်ကာလအတွက် အသားတင်အမြတ်ငွေ ဒေါ်လာ ၂၇၅ သန်းရှိကြောင်း ထုတ်ပြန်လိုက်သည်။

PTT ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (PTTEP) ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Phongsthorn Thavisin က ယခုနှစ် ပထမ သုံးလပတ် ကာလအတွက် ကုမ္ပဏီ၏ စုစုပေါင်းဝင်ငွေမှာ ဒေါ်လာ ၁၇၇၁ သန်း (ကျပ် ၂၄၇၁ ဘီလျံခန့်) ရရှိခဲ့ရာ ထိုပမာဏသည် ၂၀၁၉ ခုနှစ်၏ နောက်ဆုံး သုံးလပတ် ကာလအတွက် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁၈၄၁ သန်း (ကျပ် ၂၅၆၈ ဘီလျံခန့်) အောက် လေးရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၏ နောက်ဆုံး သုံးလပတ်တွင် တစ်ရက် ရေနံစည် (BOED) ရောင်းအား ၃၉၅၀၂၈ စည်နှင့် နှိုင်းယှဉ်ကြည့်သော် ယခုနှစ်တွင် တစ်ရက်လျှင် ပျှမ်းမျှ ရေနံစည် (BOED) ၃၆၃၄၁၁ စည်သာ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အသားတင်အမြတ်ငွေ လျော့ကျမှုမှာ ထိုင်းနိုင်ငံ ပင်လယ်ကွေ့ရှိ စီမံကိန်းများမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်သည်။

PTTEP မြန်မာစီမံကိန်းသည် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ မိမိလုပ်ငန်း လည်ပတ်ဆောင်ရွက်ရာ နိုင်ငံများအတွက် ရေရှည်တည်တံ့သည့် ရေနံဓာတုပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန် အဓိကဦးတည် ဆောင်ရွက်နေသော ထိုင်းနိုင်ငံ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် PTT Expolration and Production Public Company Limited (PTTEP) ၏ လုပ်ငန်းခွဲကုမ္ပဏီ တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ၏ Stock Exchange တွင် ထိပ်တန်းကုမ္ပဏီ ၁၀ ခု စာရင်းဝင်ဖြစ်ပြီး အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ရေနံရှာဖွေ ထုတ်လုပ်ရေး စီမံကိန်းများ ဆောင်ရွက်နေသည်။

COVID-19 ကာလအတွင်း ကမ္ဘာ့ရေနံစျေး အကျပ်အတည်းနှင့် ကြုံတွေ့ရသော်လည်း ၂၀၂၀ စီးပွားရေးစီမံကိန်းအတိုင်း ရှေ့ဆက်သွားမည် ဖြစ်ကြောင်း PTTEP  ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Phongsthorn Thavisin က ပြောကြားသည်။

“ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ကြောင့် မတ်လကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ရေနံစျေး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့်ဟာ ယခုနှစ်အတွက် လျာထားတဲ့ PTTEP  ရဲ့ရောင်းအား ပမာဏအပေါ် သိသိသာသာ သက်ရောက်ရိုက်ခတ်မှု ရှိမှာမဟုတ်ပါဘူး။ ယခုနှစ်အတွက် ကြိုတင်ရည်မှန်းထားတဲ့ တစ်နေ့လျှင် ရေနံစည်ပေါင်း ၃၈၈၀၀၀ ပျမ်းမျှ ရောင်းအားမှာ ငါးရာခိုင်နှုန်းအောက်သာ လျော့နည်းနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဆက်လက်ပြီး  PTTEP  ၏ ကုန်ထုတ်လုပ်မှု အများစုကို ကိုယ်စားပြုထားတဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုပမာဏကိုလည်း အရောင်းသဘောတူညီချက် စာချုပ်များအတိုင်း လုံလောက်စွာ ထုတ်လုပ်ရရှိပြီး ဖြစ်ပါတယ်။ စုစုပေါင်း ရောင်းအားရဲ့ ရာခိုင်းနှုန်း ၃၀ ကို နေရာယူထားတဲ့ ရေနံစိမ်း ရောင်းစျေးကတော့ ပြင်ပမှာ စျေးနှုန်းမကျစေရေးအတွက် စီမံတာတွေ လုပ်ဆောင်နေလည်းပဲ ရေနံစျေးကွက် မတည်ငြိမ်မှုတို့ကြောင့် တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။ စီမံကိန်း တော်တော်များများအတွက် သဘာဝဓာတ်ငွေ့ စျေးနှုန်းများကို ရောင်းဝယ်ရေး သဘောတူညီချက်များအတိုင်းလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုရေနံစျေး ကျဆင်းမှုဟာ ဆက်လက် ကြာရှည်ဦးမယ်ဆိုရင် အနာဂတ်မှာ PTTEP  အတွက် အကျိုးသက်ရောက်မှုကတော့ အတိုင်းအတာတစ်ခုအထိ ရှိလာမှာပါ”ဟု PTTEP  ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အမှုဆောင်အရာရှိချုပ် Mr. Phongsthorn Thavisin က ပြောကြားသည်။

မကြာသေးမီက မြန်မာနိုင်ငံရှိ ဇောတိက ကမ်းလွန်စီမံကိန်း၏ 1A၊ 1B နှင့် 1C တို့၏ လုပ်ဆောင်ဆဲ အဆင့်တွေကို ပြန်လည်သုံးသပ်မှု ဆောင်ရွက်ခဲ့ရာတွင် စာချုပ်ပါ ကတိကဝတ်များအတိုင်း ခွင့်ပြုထားသည့် တိုးချဲ့ကာလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့များအား လုံလောက်စွာ  ထုတ်လုပ်နိုင်မည့် ရေနံသိုက်များ တည်ရှိနေကြောင်း ဖော်ပြလျက် ရှိသည်။

Most Read

Most Recent