ပရီးမီးယားလိဂ်ပြိုင်ပွဲပြန်လည်စတင်ချိန်မှာ ဇူလိုင်လအထိ ရောက်သွားနိုင်ဟု ဂယ်ရီနဗီးလ် သုံးသပ်

ပရီးမီးယားလိဂ်ပြိုင်ပွဲပြန်လည်စတင်ချိန်မှာ ဇူလိုင်လအထိ ရောက်သွားနိုင်ဟု ဂယ်ရီနဗီးလ် သုံးသပ်
Photo: Sky Sports
Photo: Sky Sports
Published 13 May 2020

အားကစားပြိုင်ပွဲများကို လာမည့် ဇွန်လ (၁)ရက်မှစတင်ပြီး တံခါးပိတ်ကျင်းပရန် ဗြိတိန်အစိုးရမှ ခွင့်ပြုချက်ပေးခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာ ဇူလိုင်အထိ ရောက်ရှိသွားနိုင်သည်ဟု အင်္ဂလန်နောက်ခံလူဟောင်းနှင့် နာမည်ကြီး ရုပ်သံဝေဖန်သူ ဂယ်ရီနဗီးလ်က သုံးသပ်ခဲ့သည်။ 

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်သည် မေ (၁၁) ရက်က Sky Sports ၏ "The Football Show" အစီအစဉ်တွင် ကစားသမားအချို့ ပြိုင်ပွဲပြန်လည်ကစားရန် စိုးရိမ်စိတ်များရှိနေသည်ဟု ဖွင့်ဟခဲ့သည်။

"ဘယ်အရာမှ ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဘောလုံးရော တိုင်းပြည်မှာပါပေါ့။ ဒီအခြေအနေအရတော့ ပရီးမီးယားလိဂ်အနေနဲ့ ဇွန်လမှာ ပြန်လည်ကျင်းပဖို့ထက် ဇူလိုင်လကို စဉ်းစားဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ သတ်မှတ်ကာလက အတော်လေးနီးနေတယ်။ ဂျေမီ(ကာရေဂါ)ရဲ့ကိန်းဂဏန်းတွေက မှန်နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ အသင်းရဲ့လူစာရင်းမှာ ပွဲမကစားလိုတဲ့သူ (၃)ဦး၊ ဒါမှမဟုတ် (၄)ဦးအထိရှိ နေတာက အတော်ကြီးမားတဲ့ ကိန်းဂဏန်းပါပဲ။ ဒါဟာ ပွဲကစားမယ့်အသင်းလူစာရင်းရဲ့ (၂၅) ရာခိုင်နှုန်းလောက်အထိရှိပါတယ်"ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ပြိုင်ပွဲပြန်လည်စတင်မည့်ကိစ္စနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်းမှာပင် အသင်း ကစားသမားများနှင့် ဗီဒီယိုကွန်ဖရင့်များ အသီးသီးပြုလုပ်လျက်ရှိနေကြောင်း သိရသည်။ 

ဗြိတိန်သတင်းစာ Daily Mail ၏ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကစားသမားအချို့သည် လက်ရှိအခြေအနေတွင် လေ့ကျင့်ခန်းဆင်းပင် ဆန္ဒမရှိကြောင်း သိရသည်။

Most Read

Most Recent