WTI ရေနံစျေး တစ်စည် ၂၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် 92 Ron နှင့် 95 Ron စျေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ကျပ် ၂၀ ပြန်လည်မြင့်တက်

WTI ရေနံစျေး တစ်စည် ၂၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် 92 Ron နှင့် 95 Ron စျေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ကျပ် ၂၀ ပြန်လည်မြင့်တက်
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ယာဉ်တစ်စီး ဆီဖြည့်နေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ယာဉ်တစ်စီး ဆီဖြည့်နေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 10 May 2020
စည်သူအောင်

WTI ရေနံစျေးသည် မေ ၈ ရက်တွင် တစ်စည် ၂၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် 92 Ron နှင့် 95 Ron စျေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ကျပ် ၂၀ ပြန်လည်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မေ ၂ ရက်နှင့် မေ ၈ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက 92 Ron တစ်လီတာ ကျပ် ၂၀၊ 95 Ron တစ်လီတာ ကျပ် ၂၀ ပြန်လည်မြင့်တက်ခဲ့ပြီး ဒီဇယ်ဆီ၊ ပရီမီယံဒီဇယ်ဆီများ စျေးနှုန်း အတက်အကျမရှိခဲ့ကြောင်း သိရသည်။

WTI ရေနံစျေးသည် ဧပြီ တတိယပတ်တွင် သုညဒေါ်လာနှုန်းအောက် ကျဆင်းခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ငါးလနီးပါး (ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အထိ) အတွင်း တစ်လီတာ ကျပ် ၅၅၀ မှ ၆၀၅ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊ မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ၊ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာအောက်အထိ ကျဆင်းခဲ့သည်။

မေ ၈ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါလန် ၁၉၇၇ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၄၄၅ ကျပ် (တစ်ဂါလန် ၂၀၂၂ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၃၂၀ (တစ်ဂါလန် ၁၄၅၄ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၄၅၅ ကျပ် (တစ်ဂါလန် ၂၀၆၈ ကျပ်) ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်နှင့် မေ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်လီတာစျေးနှုန်းများ နှိုင်းယှဉ်ပါက ဒီဇယ် ကျပ် ၅၅၀ (၅၅ ဒသမ ၈၃ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် ကျပ် ၅၅၀ (၅၅ ဒသမ ၂၇ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron ၆၀၅ ကျပ် (၆၆ ဒသမ ၈၅ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron ကျပ် ၅၆၀ (၅၆ ဒသမ ၂၈ ရာခိုင်နှုန်း) အထိ ကျဆင်းခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent