လီဗာပူးလ်ကို ချန်ပီယံဖလား ပေးလိုသည်ဟု ခရစ္စတယ်ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်ပြောကြား

လီဗာပူးလ်ကို ချန်ပီယံဖလား ပေးလိုသည်ဟု ခရစ္စတယ်ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်ပြောကြား
Photos: Getty Images
Photos: Getty Images
Published 6 May 2020

ပါရှစ်ရှ်က အခြားလိဂ်ပြိုင်ပွဲများကဲ့သို့ ပြိုင်ပွဲကို အဆုံးမသတ်ဘဲ လိဂ်ပြိုင်ပွဲဖျက်သိမ်းခြင်း၊ သို့မဟုတ် လက်ရှိရပ်တည်မှုအတိုင်း ဆုံးဖြတ်လိုက်ခြင်းတို့ကို လက်ခံလိုခြင်းမရှိဘဲ ယင်းမှာ နစ်နာသည့်အသင်းများအတွက် အလွန်မမျှတသည့် အခြေအနေဖြစ်သည်ဟုလည်းဆိုခဲ့သည်။

 

ခရစ္စတယ်ပဲလေ့စ်အသင်း၏ဥက္ကဋ္ဌဖြစ်သူ စတိဗ်ပါရစ်ရှ်က မိမိသဘောအတိုင်းသာ ဆိုပါက ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်းကို ပေးလိုပြီး၊ အခြားအသင်းတိုင်းကိုလည်း ၎င်းတို့ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့်အထိ ပေးရန်ဆန္ဒရှိသည်ဟု ဆိုခဲ့သည်။

သို့ရာတွင် စတိဗ်ပါရစ်ရှ်၏ အဓိကရည်မှန်းချက်မှာ လိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် မဖြစ်ဖြစ်သည့်နည်းဖြင့် ကစားရန်ဖြစ်ပြီး၊ ထိုကဲ့သို့ လိဂ်ပြိုင်ပွဲပြီးဆုံးအောင် ကစားခြင်းမှာလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပိုမိုမျှတစေရန်အတွက်ဖြစ်သည်ဟုဆိုသည်။ ပါရှစ်ရှ်က အခြားလိဂ်ပြိုင်ပွဲများကဲ့သို့ ပြိုင်ပွဲကို အဆုံးမသတ်ဘဲ လိဂ်ပြိုင်ပွဲဖျက်သိမ်းခြင်း၊ သို့မဟုတ် လက်ရှိရပ်တည်မှုအတိုင်း ဆုံးဖြတ်လိုက်ခြင်းတို့ကို လက်ခံလိုခြင်းမရှိဘဲ ယင်းမှာ နစ်နာသည့်အသင်းများအတွက် အလွန်မမျှတသည့် အခြေအနေဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ခရစ္စတယ်ပဲလေ့စ်အသင်းအနေဖြင့်မူ လိဂ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ခြင်းဖြစ်စေ၊ လက်ရှိရပ်တည်မှုအတိုင်း အဆုံးသတ်လိုက်သည်ဖြစ်စေ ပြဿနာမရှိဘဲ တန်းဆင်းဇုန်အထက် (၁၂)မှတ်အကွာတွင် ရပ်တည်နေသည့်အသင်းလည်းဖြစ်သည်။ 

ပါရစ်ရှ်က "ကျွန်တော့်သဘောအတိုင်းသာဆိုရင် တစ်ရာသီလုံး အကောင်းဆုံးကစားလာခဲ့တဲ့ လီဗာပူးလ်အသင်းကို ဒီအတိုင်းတောင် အမှတ်ပေးချန်ပီယံဆု ပေးလိုက်ချင်ပါတယ်။ တခြားအသင်းတိုင်းကိုလည်း သူတို့ရောက် နိုင်သမျှ အမြင့်ဆုံးအဆင့်ကို ပေးလိုက်ချင်ပါတယ်။ ဒါပေမဲ့ တကယ်တော့ လိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကစားလိုက်တာက အမျှတဆုံးပါပဲ။ တခြားသော ခက်ခဲတဲ့အကြောင်းအရာတွေကို ကျွန်တော်မပြောချင်ပါဘူး။ လိဂ်ပြိုင်ပွဲကို မရပ်ချင်တဲ့အထဲမှာ ငွေကြေးကလည်း တစ်စိတ်တစ်ပိုင်းပါပါတယ်။ ဒါပေမဲ့ အဓိက ကတော့ ပြိုင်ပွဲကို မျှတစွာပြီးဆုံးစေချင်တာပါ" ဟု ပြောကြားသွားခဲ့သည်။ 

 

Most Read

Most Recent