အန်ဆယ်လော့တီလက်ထက်၌ ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု အဲဗာတန်နောက်ခံလူ ဒစ်ဂ်နေး ယုံကြည်

အန်ဆယ်လော့တီလက်ထက်၌ ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု အဲဗာတန်နောက်ခံလူ ဒစ်ဂ်နေး ယုံကြည်
Photos: Getty Images
Photos: Getty Images
Published 6 May 2020

အန်ဆယ်လော့တီသည် တန်းဆင်းဇုန် ထဲရောက်ရှိနေသည့် အဲဗာတန်အသင်းကို အဆင့်(၁၂)သို့ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။ 

 

အဲဗာတန်အသင်း၏နောက်ခံလူ လူးကပ်စ်ဒစ်ဂ်နေးက နည်းပြအန်ဆယ်လော့တီလက်ထက်၌ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

အဲဗာတန်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက မာကိုဆေးလ်ဗားကို ရာထူးမှထုတ်ပယ်ကာ အန်ဆယ်လော့တီကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အန်ဆယ်လော့တီသည် တန်းဆင်းဇုန် ထဲရောက်ရှိနေသည့် အဲဗာတန်အသင်းကို အဆင့်(၁၂)သို့ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။ 

ထို့ကြောင့် ဒစ်ဂ်နေးက "အန်ဆယ်လော့တီရဲ့ဦးဆောင်မှုနဲ့အတူ ကျွန်တော်တို့ တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အသင်းမှာ ကစားသမားကောင်းတွေရှိနေသလို၊ မြင့်မားတဲ့စီမံကိန်းလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းအောင် ကျွန် တော်တို့ လုပ်နိုင်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရလာနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent