ဧရာဝတီဖောင်ဒေးရှင်းက သက်ကြီး ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများအား ထောက်ပံ့မှုများကို လက်ရွေးစင်ဟောင်းနှင့် ဒိုင်လူကြီးဟောင်းများက လိုက်လံလှူဒါန်းပေးနေ

ဧရာဝတီဖောင်ဒေးရှင်းက သက်ကြီး ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများအား ထောက်ပံ့မှုများကို လက်ရွေးစင်ဟောင်းနှင့် ဒိုင်လူကြီးဟောင်းများက လိုက်လံလှူဒါန်းပေးနေ
Photo : EMG
Photo : EMG
Published 6 May 2020

ဧရာဝတီဖောင်ဒေးရှင်းသည် အသက် ၆၀ နှစ်အထက် လက်ရွေးစင် ဘောလုံးသမား ဟောင်း ၁၇၀၊ ဒိုင်လူကြီးဟောင်း ၃၈ ဦးအား လှူဒါန်းခဲ့ခြင်းဖြစ်သည်။ နယ်မြို့များတွင် နေထိုင်သည့် လက်ရွေးစင်ဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများကို AYA Bank မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းက ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း သက်ကြီး ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများအား လှူဒါန်းထားသည့် ဆန်အိတ်နှင့် ထောက်ပံ့ငွေများကို လက်ရွေးစင်ဟောင်းဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများက နေအိမ်သို့ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

မေ ၄ ရက်က MFF အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ထောက်ပံ့ငွေနှင့် ဆန်အိတ် ပေးအပ်လှူဒါန်းသည့်အခမ်းအနားကို အသက် ၆၀ နှစ်အထက် လက်ရွေးစင်ဘောလုံးသမားဟောင်းအချို့နှင့် ဒိုင်လူကြီးဟောင်း အချို့သာ တက်ရောက်ခဲ့ပြီး ဦးအေးမောင် ကြီး၊ ဦးသန်းတိုးအောင်၊ ဦး ကြည်လွင်၊ ဦးမျိုးလှိုင်ဝင်း၊ ဦးဟန်လင်းစသည့် လက်ရွေးစင်ဟောင်းများက ရန်ကုန်မြို့တွင် နေထိုင်သူများကို နေအိမ်သို့ လိုက်လံလှူဒါန်းပေးနေကာ ဒိုင်လူကြီးဟောင်းများကိုလည်း ဒိုင်ဌာနမှ တာဝန်ရှိသူများက လှူဒါန်းပေးလျက်ရှိသည်။ 

ဧရာဝတီဖောင်ဒေးရှင်းသည် အသက် ၆၀ နှစ်အထက် လက်ရွေးစင် ဘောလုံးသမား ဟောင်း ၁၇၀၊ ဒိုင်လူကြီးဟောင်း ၃၈ ဦးအား လှူဒါန်းခဲ့ခြင်းဖြစ်သည်။ နယ်မြို့များတွင် နေထိုင်သည့် လက်ရွေးစင်ဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများကို AYA Bank မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားသည့်ကာလကတည်းက လို အပ်သည့် လှူဒါန်းမှုများ ပြုလုပ်နေခြင်းဖြစ် ပြီး ဘောလုံးလောကမှ သက်ကြီးပုဂ္ဂိုလ်များကိုလည်း ထောက်ပံ့ငွေနှင့် ဆန်များ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

 

Most Read

Most Recent