အသင်းပိုင်ရှင်ထံမှ ခွင့်ပြုချက်ရရှိပါက ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အာရှတိုက်သားကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူလိုကြောင်း ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား

အသင်းပိုင်ရှင်ထံမှ ခွင့်ပြုချက်ရရှိပါက ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အာရှတိုက်သားကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူလိုကြောင်း ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား
Photo : EMG
Photo : EMG
Published 6 May 2020

ဟံသာဝတီအသင်းသည် ၂၀၂၀ ရာသီတွင် အသုံးပြုမည့် ဘတ်ဂျက်ကို ရာသီမစမီကတည်းက ရေးဆွဲထားပြီး ရာသီဝက်အပြောင်းအရွှေ့ ကာလတွင် လိုအပ်ပါက နိုင်ငံခြားသားကစားသမားတစ်ဦး ထပ်မံ ခေါ်ယူနိုင်ရန် ကုန်ကျစရိတ်ကို ထည့်သွင်းထားပြီးဖြစ်သည်။

 

ဟံသာဝတီယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက အသင်းပိုင်ရှင်ထံမှ ခွင့်ပြုချက်ရရှိပါက ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အာရှတိုက်သား ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။

ဟံသာဝတီအသင်းသည် ၂၀၂၀ ရာသီအစတွင် နိုင်ငံခြားသား ကစားသမားသုံးဦးသာ ခေါ်ယူထားပြီး ပြိုင်ပွဲခေတ္တရပ်နားချိန်တွင် ရလဒ်ကောင်းများရရှိထားသောကြောင့် ရာသီဝက်အပြောင်းအရွှေ့ ကာလတွင် ကစားသမားအင်အားဖြည့်တင်းရန် စီစဉ်နေခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ၂၀၂၀ ရာသီတွင် အသုံးပြုမည့် ဘတ်ဂျက်ကို ရာသီမစမီကတည်းက ရေးဆွဲထားပြီး ရာသီဝက်အပြောင်းအရွှေ့ ကာလတွင် လိုအပ်ပါက နိုင်ငံခြားသားကစားသမားတစ်ဦး ထပ်မံ ခေါ်ယူနိုင်ရန် ကုန်ကျစရိတ်ကို ထည့်သွင်းထားပြီးဖြစ်သည်။ ဟံသာဝတီအသင်းသည် မတ် ၂၃ ရက်ပွဲစဉ်အပြီး ရပ်တည်မှုအရ ထိပ်ဆုံး တွင်ရှိနေပြီး ချန်ပီယံမျှော်လင့်နိုင်သည့်အနေအထားတွင်ရှိနေသည်။ 

"အသင်းပိုင်ရှင်ဘက်က ခွင့်ပြုရင် နိုင်ငံခြားသားကစားသမား တစ်ဦး ထပ်ခေါ်ချင်ပါတယ်။ ရာသီအစမှာ နိုင်ငံခြားသားသုံးဦး ခေါ် ယူထားပြီးဖြစ်တာကြောင့် အာရှတိုက်သားကစားသမားတစ်ဦးပဲ ထပ်ခေါ်ခွင့်ရှိမှာပါ။ နောက်ခံလူတစ်ဦးနှင့် တိုက်စစ်မှူးနှစ်ဦး ခေါ်ယူ ထားတာကြောင့် အာရှသားတစ်ဦး ခေါ်ယူခွင့်ရမယ်ဆိုရင် ကွင်းလယ် ကစားသမားပဲ ခေါ်ယူမှာဖြစ်ပါတယ်။ ဘောလုံးပြိုင်ပွဲတွေ ပြန်စမယ့် အနေအထားနဲ့ ရာသီဝက်အပြောင်းအရွှေ့ကာလ သတ်မှတ်မှုအပေါ် မူတည်ပြီး ခေါ်ယူသွားမှာပါ"ဟု ဟံသာဝတီယူနိုက်တက်အသင်းနည်း ပြချုပ် ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံး ပြိုင်ပွဲများ ရပ်နားထားရသလို ပြည်ဝင်ခွင့်လည်း ပိတ်ပင်ထားရာ MNL ကလပ်အသင်းများအနေဖြင့် နိုင်ငံခြားသားကစားသမား ခေါ်ယူမှုတွင် အခက်တွေ့ဖွယ်ရှိနေပြီး ရောဂါအခြေအနေပျောက်ကင်းမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဟံသာဝတီအသင်းသည် အသင်းသမိုင်းတစ်လျှောက် ယခုရာသီ တွင် ရလဒ်သိသိသာသာကောင်းမွန်နေပြီး ထိပ်ဆုံးနေရာတွင် အချိန် အကြာဆုံးရပ်တည်နိုင်နေသလို အသင်းကြီးများနှင့်အပြိုင် ချန်ပီယံဆု မျှော်မှန်းနိုင်သည့်အနေအထားတွင်ရှိနေခြင်းဖြစ်သည်။ ဦးမျိုးမင်းထွန်းသည် ဟံသာဝတီအသင်းကို စတင်ကိုင်တွယ်သည့်ရာသီမှာပင် ရလဒ်ကောင်းရယူပေးနေခြင်းဖြစ်ပြီး ၁၀ ပွဲကစား ၂၇ မှတ်ဖြင့် ထိပ်ဆုံး နေရာတွင် ရပ်တည်နေသည်။ 

 

Most Read

Most Recent