အီမိုဘီလီအား ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် လာဇီယိုအသင်း စီစဉ်

အီမိုဘီလီအား ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် လာဇီယိုအသင်း စီစဉ်
Photos: Getty Images
Photos: Getty Images
Published 6 May 2020

လာဇီယိုအသင်းသည် အသင်းတိုက်စစ်မှူး အီမိုဘီလီအား ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့သည်။ 

လာဇီယိုအသင်းသည် အသင်းတိုက်စစ်မှူး အီမိုဘီလီအား ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့သည်။ 

လာဇီယိုအသင်းနှင့် ချုပ်ဆိုထားသည့် အီမိုဘီလီ၏ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း လာဇီယိုအသင်းသည် ၎င်းအား နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

အီမိုဘီလီကလည်း မိမိအနေဖြင့် လာဇီယိုအသင်းတွင်သာ ဆက်ရှိနေလိုသည် ပြောကြားထားပြီး အသင်း၏ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိနေကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။ 

လာဇီယိုအသင်းသည် အီမိုဘီလီအား စာချုပ်သစ်ချုပ်ဆိုပြီးပါက အသင်းခေါင်းဆောင်အဖြစ်ပါ ခန့်အပ်သွားဖွယ်ရှိနေကြောင်းလည်း သိရသည်။

အသက် (၃၀)နှစ်အရွယ်ရှိ အီတလီတိုက်စစ်မှူး အီမိုဘီလီသည် ယခုရာသီ စီးရီးအေ (၂၆)ပွဲတွင် (၂၇)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇)ကြိမ်အထိ ပြုလုပ်ထားသူဖြစ်သည်။ 

အီမိုဘီလီသည် ၂၀၁၆ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဒေါ့မွန်အသင်းမှ လာဇီယိုအသင်းသို့ ယူရို (၉)သန်းဝန်းကျင်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး လာဇီယိုအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၆၇)ပွဲတွင် (၁၁၆)ဂိုးအထိ သွင်းယူထားသည်။ 

 

 

Most Read

Most Recent