ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုသည် အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုသည် အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကျော်ကိုကိုသည် ရာသီအစတွင် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ပွဲအနည်းငယ်သာ ပါဝင်ခွင့်ရသောကြောင့် COVID-19 ရောဂါကြောင့် ပြိုင်ပွဲရပ်နားထားသည့်ကာလအတွင်း နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
''ဆူခိုထိုင်းအသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်။ အတည်ပါ။ တခြားအသင်းကို ပြောင်းရွှေ့ဖို့လုပ်နေပေမယ့် COVID-19 ရောဂါဖြစ်နေတဲ့ကာလကြောင့် အခက်အခဲတော့ရှိပါတယ်''ဟု ကျော်ကိုကိုက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ကျော်ကိုကိုသည် ၂၀၁၈ ခုနှစ်မှစတင်ကာ ထိုင်းကလပ်များတွင် သွားရောက်ကစားခဲ့ပြီး ၂၀၁၈ ရာသီတွင် ချင်းရိုင်ယူနိုက်တက်အသင်း၊ ၂၀၁၉ ရာသီတွင် ဆာမတ်ပရာခန်အသင်း၊ ၂၀၂၀ ရာသီတွင် ဆူခိုထိုင်းအသင်းတို့တွင် ကစားခဲ့သည်။ ချင်းရိုင်ယူနိုက်တက်အသင်းတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာစွာအနားယူခဲ့ရသည်။