ငွေသုံးစွဲခြင်းမရှိဘဲ ကစားသမားသစ်ခေါ်ယူရန် အာဆင်နယ် စီစဉ်

ငွေသုံးစွဲခြင်းမရှိဘဲ ကစားသမားသစ်ခေါ်ယူရန် အာဆင်နယ် စီစဉ်
Photo: Getty Images
Photo: Getty Images
Published 30 April 2020

 

အာဆင်နယ်အသင်းတာဝန်ရှိ သူများသည် လာမည့်နွေရာသီအ ပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူရာ၌ ငွေကြေးသုံးစွဲမှု မရှိဘဲ ခေါ်ယူနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်းသည် အခြားသောအသင်းများမှ စာ ချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ် ပြောင်းရွှေ့ခွင့်ရမည့် ကစားသမားများအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

ထို့အတူ အသင်းမှ ကစားသမားအချို့နှင့် အခြားသော အသင်းများမှ ကစားသမားများကို တိုက်ရိုက်လဲလှယ်ခြင်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။  

၂၀၁၈ ဇန်နဝါရီက အသင်းကစားသမား အလက်ဆစ်ဆန်းချက်ဇ်နှင့် မန်ယူအသင်းမှ မစ်ခီတာရီယန်ကို လဲလှယ်သည့်ပုံစံမျိုးကို အာဆင်နယ်အသင်းမှ ပြုလုပ်သွားဖွယ်ရှိနေသည်။

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် ချယ်လ်ဆီးမှ တိုက်စစ်ကစားသမား ဝီလီယံကို ပစ်မှတ်ထားနေကြောင်းလည်း သိရှိရသည်။

ထို့ပြင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် လယ်လာနာမှာလည်း အာဆင်နယ်အသင်း စိတ်ဝင်စားသည့်စာရင်းတွင် ပါဝင်လျက်ရှိသည်။

အာဆင်နယ်အသင်းနည်းပြ အာတီတာနှင့် ကစားသမားများသည် လက်ရှိတွင် (၁၂)လတာအတွင်း လစာငွေ(၁၂.၅%)ကို လျှော့ချရယူမည့်အစီအစဉ်အား သဘောတူထားသည်။ 

 

Most Read

Most Recent