Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ထားဝယ်မြို့သို ့လိုက်ပါလာသူ နှစ်ဦး ကိုယ်အပူချိန် မြင့်တက်နေ၍ ဆေးရုံသို့ တင်ပို့ထားပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၁၂ ဦးကို Quarantine စခန်း၌ သီးခြားထားစောင့်ကြည့်

Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ထားဝယ်မြို့သို ့လိုက်ပါလာသူ နှစ်ဦး ကိုယ်အပူချိန် မြင့်တက်နေ၍ ဆေးရုံသို့ တင်ပို့ထားပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၁၂ ဦးကို Quarantine စခန်း၌ သီးခြားထားစောင့်ကြည့်
ထားဝယ် လေဆိပ်သို ့ ဧပြီလ ၂၉ ရက် ညနေပိုင်းက Air KBZ လေယာဉ်ဖြင့် ရောက်ရှိလာသူများကို တွေ ့ရစဉ် (photo-soe htike)
ထားဝယ် လေဆိပ်သို ့ ဧပြီလ ၂၉ ရက် ညနေပိုင်းက Air KBZ လေယာဉ်ဖြင့် ရောက်ရှိလာသူများကို တွေ ့ရစဉ် (photo-soe htike)
Published 29 April 2020
ဖြိုးဇင်(ထားဝယ်)

 

ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ခရီးသည် ၁၄ ဦး (လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၁၅ ဦး) ဖြင့် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာလာသည့် Air KBZ လေကြောင်းလိုင်း လေယာဉ်အမှတ် XY-AJJ မှာ ထားဝယ်လေဆိပ်သို ့ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိလာပြီးနောက် လေယာဉ်ပေါ် လိုက်ပါလာသူများအား COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် လေဆိပ်၌ တပ်ဆင်ထားသည့် အဆင့်မြင့် လေဆာနည်းပညာသုံး အပူချိန်တိုင်းစက်ဖြင့် စစ်ဆေးရာ ခရီးသည်အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့တွင် သတ်မှတ်ကိုယ်အပူအချိန်ထက် မြင့်တက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို ့နှစ်ဦးအား လေဆိပ်ခရီးသည်ဆိုက်ရောက်ဆောင်၌ ခေတ္တာအနားယူစေပြီး အပူချိန်အကြိမ်ကြိမ် တိုင်းတာခဲ့သော်လည်း သတ်မှတ်ကိုယ်အပူချိန်အောက်သို ့ကျဆင်းခြင်း မရှိသောကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနထံ တင်ပို့ခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသည့် ကျန်ခရီးသည်များကိုလည်း ထားဝယ်မြို ့ရှိ သီတဂူအာရောဂျဒါနဆေးရုံတော်တွင် ပြုလုပ်ထားသည့် Quarantine စခန်းသို့ပို့ဆောင်၍ သီးခြားထားရှိထားကြောင်း သိရသည်။

"ထားဝယ်​ကွင်​းကို ဒီည​နေ ၃ နာရီ ၄၅ မှာ ဆင်​းတယ်​။ အဲဒီ Flight မှာပါလာတယ်​။ ကျွန်တော်တို့က လက်ရှိ ထားဝယ်​​လေယာဉ်​ကွင်​းမှာ တပ်​ထားတဲ့ သိန်​း ၁၇၀ တန်​ ​လေဆာအပူချိန်​တိုင်​းစက်​နဲ ့တိုင်​းလိုက်​​တဲ့အချိန်​မှာ အမျိုးသား တ​စ်ယောက်​နဲ ့​နောက်​ထပ်​ အမျိုးသမီး တစ်​ယောက်​မှာပါ အပူချိန်မြင်​့​နေတာ ပြတယ်​။ အဲဒီလို ပြတော့ ခဏအနားယူခိုင်​းပြီး ​သေ​သေချာချာပြန်​ပြီး တိုင်​းတယ်​။ တိုင်​းတဲ့အခါမှာ အပူချိန်​က ဘယ်​လိုမှမကျဘူး။အပူချိန်​က အမျိုးသမီးမှာ ၃၇.၇ (ဒီဂရီစင်​တီဂရိတ်​)၊အမျိုးသားက ၃၇.၉ ကနေ ၃၈.၂ ဒီဂရီအထိ ပြ​နေတယ်​​ပေါ့။ ဒီ​တော့ ကျွန်တော်​တို ့သတ်​မှတ်​ထားတဲ့နှုန်​း​အရ ​ပေးထားတဲ့ စ​ကေးအရဆိုရင်​ ဘယ်​လိုမှလွှတ်​လို့မရတဲ့ အ​နေအထားဖြစ်​​နေတော့ ကျွန်တော်တို ့ ခြောက်ခါ ခုနစ်ခါ​လောက်​အထိ အနားယူခိုင်​းပြီး ပြန်​တိုင်​းတယ်​။ စိတ်​မချလို ့​နောက်​ထပ်​​ သိန်​း ၅၀ ​လောက်​တန်​တဲ့​ လေဆာအပူချိန်​တိုင်​းစက်​ အသစ်​တစ်ခုနဲ ့ထပ်​တိုင်​းတယ်​။ ထပ်​တိုင်​းလည်​း အပူချိန်​က နှစ်ခုစလုံး အတူတူနီးပါးပဲ ပြတယ်​။ ဒါနဲ ့သူတို ့ နှစ်​ယောက်​စလုံးကို​ ဆေးရုံပို ့ရမယ်​ဆိုပြီ​း​တော့ လုပ်​လိုက်​​တော့ သူတို ့နဲ ့​လေယာဉ်​အတူစီးလာတဲ့ အားလုံးကို သီတဂူမှာ သီးခြား Quarantine ထားလိုက်​တယ်​။ အကုန်​လုံး​လေယာဉ်​မှာ စုစု​ပေါင်​း ၁၅ ​ယောက်​ ပါလာတာ​ပေါ့။ ၁၅ ​ယောက်​မှာ နို့မပြတ်ေ​သးတဲ့ ရင်​ခွင်​ပိုက်​ က​လေးငယ်​တစ်ယောက်​ ပါတယ်​။ အမျိုးသမီးမှာက သူ့ယောကျာ်​းနဲ့ က​လေးပါ​တော့ ထပ်​တိုင်​းတာ အပူချိန်​မမြင်​့ဘူး။ အခု​​ထားဝယ်​​ဆေးရုံကြီးကို​ ပို့လိုက်​​ပြီး အဲဒီမှာ ပြန်​တိုင်​း​တော့လည်​း အဖျားရှိ​နေ​သေးတယ်​။​ဆေးရုံက ဘယ်လိုဆက်လုပ်မလဲ မသိသေးဘူး"ဟု ထားဝယ်လေဆိပ်၌ Air KBZ လေယာဉ်ဖြင့် လိုက်ပါလာသူများအား ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးခဲ့သည့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ ့ဥက္ကဋ္ဌ ကိုနို်င်မျိုးသွင်က ပြောကြားသည်။

Air KBZ လေယာဉ်ဖြင့် လိုက်ပါလာပြီး ကိ်ုယ်အပူချိန် မြင့်တက်နေသည့် ခရီးသည် နှစ်ဦးအနက် အသက်​ ၂၆ နှစ်အရွယ်​ အမျိုးသားမှာ ပဲခူးတိုင်​း​ဒေသကြီး မင်​းလှမြို ့နယ်​မှဖြစ်​ပြီး အသက်​ ၂၈ နှစ်​အရွယ်​ အမျိုးသမီးမှာ ပဲခူးတိုင်းဒေသကြီး ကဝမြို ့နယ်​မှဖြစ်​ပြီး ထားဝယ်​မြို ့ရှိ လယ်​ယာစိုက်​ပျိုး​ရေးနှင်​့ ဆည်​​မြောင်​းဝန်​ကြီးဌာနရုံးမှ ဝန်​ထမ်းများ ဖြစ်​​ကြောင်​း သိရသည်။

 အသက်​ ၂၈ နှစ်​အရွယ်​ အမျိုးသမီးတွင်​ ၎င်း၏အမျိုးသားနှင်​့အတူ လသားအရွယ်​ က​လေးငယ်​တစ်​ဦး လိုက်ပါလာခြင်​းဖြစ်​ပြီး ၎င်းတို ့နှစ်ဦးတွင်​မူ ကိုယ်​အပူချိန်​မြင်​့မားခြင်​း မရှိ​ကြောင်​းနှင့် သီတဂူ​အာရောဂျဒါနဆေးရုံတော်ရှိ Quarantine စခန်းသို ့ပို ့​ဆောင်​ထားသည်​့ ကျန်​ခရီးသည်​များမှာလည်း ကိုယ်အပူချိန်​မြင်​့သည်​့လက္ခဏာ မရှိ​ကြောင်​းသိရသည်။

 

Most Read

Most Recent