တရုတ်နယ်စပ် မိုင်းလားမှ နေရပ်ပြန်လာကြသော မြန်မာနိုင်ငံသား လုပ်သားများအား သက်ဆိုင်ရာဒေသသို့ ပြန်လည် လွှဲပြောင်းနိုင်ရန် တောင်ကြီးမြို့တွင် မော်တော်ယာဉ်စီစဉ်ပေးပြီး မန္တလေးသို့ ပို့ဆောင်

တရုတ်နယ်စပ် မိုင်းလားမှ နေရပ်ပြန်လာကြသော မြန်မာနိုင်ငံသား လုပ်သားများအား သက်ဆိုင်ရာဒေသသို့ ပြန်လည် လွှဲပြောင်းနိုင်ရန် တောင်ကြီးမြို့တွင် မော်တော်ယာဉ်စီစဉ်ပေးပြီး မန္တလေးသို့ ပို့ဆောင်
Published 29 April 2020
 စည်သာ

တရုတ်နယ်စပ် မိုင်းလားမှ နေရပ်ပြန်လာကြသော မြန်မာနိုင်ငံသား လုပ်သားများအား သက်ဆိုင်ရာဒေသသို့ ပြန်လည်လွှဲပြောင်းနိုင်ရန် တောင်ကြီးမြို့တွင် မော်တော်ယာဉ် စီစဉ်ပေးပြီး မန္တလေးသို့ ပို့ဆောင်ကူညီပေးကြောင်း သတင်းရရှိသည်။

မိုင်းလားမှ ပြန်လည် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများ ၂၇၅ ဦးကို စုရပ်စခန်းဖြစ်သော တောင်ကြီးမြို့ သစ်တောရပ်ကွက် ကားလေးကွင်းသို့ ဧပြီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် ဆိုက်ရောက်ချိန် မန္တလေးသို့ ဆက်လက် သွားရောက်နိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မော်တော်ယာဉ် စီစဉ်ပေးပြီး မြန်မာနိုင်ငံသား လုပ်သားများအား လက်ခံလွှဲပြောင်း ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးခရိုင် စီမံခန့်ခွဲရေးအဖွဲ့၊ တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့တို့မှ အဖွဲ့စုံဖြင့် လက်ခံကူညီ ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံမှ ပြန်လာကြသော အဆိုပါအလုပ်သမားများသည် ရခိုင်ပြည်နယ်သို့ အများစု နေရပ်ပြန်ကြမည့်သူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်သားများ စီးနင်းလာသော မော်တော်ယာဉ်များနှင့် ကားဝင်းအတွင်း ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                              

 

Most Read

Most Recent