Chinese 8 Ball ပြိုင်ပွဲဝင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ပထမပွဲတွင် အနိုင်ရ

Chinese 8 Ball ပြိုင်ပွဲဝင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ပထမပွဲတွင် အနိုင်ရ
Photos: Ko Ar Ti (At ko) Facebook
Photos: Ko Ar Ti (At ko) Facebook
Published 28 April 2020

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် Chinese 8 Ball ပြိုင်ပွဲ ပထမပွဲအဖြစ် ဧပြီ (၂၈) ရက် (ယနေ့) ညပိုင်းတွင် တရုတ်ကစားသမား ယူဟိုင်ထောင်နှင့် ယှဉ်ပြိုင်ကစားရာ (၂၁-၁၇)ပွဲဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲ၏ ဒုတိယပတ်မှသာ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဟောင်း ယူဟိုင်ထောင်နှင့် တွေ့ဆုံခြင်းဖြစ်ကာ အဖွင့်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ဒုတိယပွဲအဖြစ် ဧပြီ (၂၉)ရက်တွင် လီဘိုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ကစားသမား(၈)ဦးဖြင့် ကျင်းပခြင်းဖြစ်ပြီး တရုတ်ကစားသမား (၇)ဦးနှင့် မြန်မာကစားသမား ဘုန်းမြင့်ကျော်တို့ ယှဉ်ပြိုင်ခွင့်ရထားခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်ကစားသမားများကို ပြိုင်ပွဲကိုစပွန်ဆာကုမ္ပဏီပေးသည့် ကုမ္ပဏီက စိတ်ကြိုက်ရွေးချယ်ခြင်းဖြစ်ပြီး တရုတ်ကစားသမား (၇) ဦးတွင် ကမ္ဘာ့ချန်ပီယံဖြစ်ဖူးသည့် (၆) ဦးအထိ ပါဝင်လာသည်။ 

ပထမအဆင့်ပွဲစဉ်များကို မေ (၃၁) ရက်အထိ ကျင်းပမည်ဖြစ်ပြီး (၈)ဦးပတ်လည်ယှဉ်ပြိုင်ကစားရကာ အဆင့် (၁) မှ (၄) အထိရရှိသည့် ကစားသမား (၄)ဦး၊ အဆင့် (၅) နှင့် (၆) ကစားသမားတို့ Play-off ကစားပြီး အနိုင်ရသည့်တစ်ဦး၊ စုစုပေါင်း (၅)ဦးမှာ ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

Most Read

Most Recent