WTI ရေနံစျေး တစ်စည် ၁၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၇၅ ကျပ်မှ ကျပ် ၁၁၅ အထိ ဆက်လက်ကျဆင်း

WTI ရေနံစျေး တစ်စည် ၁၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၇၅ ကျပ်မှ ကျပ် ၁၁၅ အထိ ဆက်လက်ကျဆင်း
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 27 April 2020
စည်သူအောင်

WTI ရေနံစျေးသည် ဧပြီ ၂၇ ရက်တွင် တစ်စည် ၁၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်း စက်သုံးဆီ စျေးနှုန်းများ နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၇၅ ကျပ်မှ ၁၁၅ ကျပ်အထိ ဆက်လက် ကျဆင်းခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်နှင့် ဧပြီ ၂၇ ရက် စက်သုံးဆီ စျေးနှုန်းများကို နှိုင်းယှဉ်ပါက ဒီဇယ်ဆီ တစ်လီတာ ၇၅ ကျပ်၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာ ၇၅ ကျပ်၊ 92 Ron တစ်လီတာ ၉၀ ကျပ်၊ 95 Ron တစ်လီတာ ၁၁၅ ကျပ် ဆက်လက် ကျဆင်းခဲ့သည်။

ပြည်တွင်းစက်သုံးဆ ီစျေးနှုန်းသည် ကမ္ဘာ့ရေနံစျေး ကျဆင်းမှုနှင့်အတူ ဒေါ်လာစျေးလည်း ကျဆင်းလာသောကြောင့် ဇန်နဝါရီ  ဒုတိယပတ်မှ စတင်ကာ ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ ငါးလနီးပါး  (ဇန်နဝါရီ ၈ ရက်မှ ဧပြီ ၂၇ ရက်အထိ) အတွင်း တစ်လီတာ   ၅၃၀ ကျပ်မှ ၅၉၅ ကျပ်အထိ ကျဆင်းခဲ့သည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေး နှုန်း များပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက် ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျ ဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင် ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂  ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင် ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက် တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊  မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ၊ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာအောက်အထိ ကျဆင်းခဲ့သည်။

ဧပြီ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၄၅၅ ကျပ် (တစ်ဂါလန် ၂၀၆၈ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၄၆၅  ကျပ် (တစ်ဂါလန်  ၂၁၁၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၃၁၀ ကျပ် (တစ်ဂါလန် ၁၄၀၉ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ  ၄၄၅ ကျပ် (တစ်ဂါလန် ၂၀၂၂ ကျပ်) ဖြစ်ပြီး ဇန်နဝါရီ ၈  ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်လီတာ စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ် ၅၃၀ ကျပ် (၅၃ ဒသမ ၈၀ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် ၅၅၀ ကျပ် (၅၅ ဒသမ ၂၇ ရာခိုင် နှုန်း)၊ အောက်တိန်း 92 Ron ၅၉၅ ကျပ် (၆၅ ဒသမ ၇၄ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron ၅၇၀ ကျပ် (၅၇ ဒသမ ၂၈ ရာခိုင်နှုန်း) အထိ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း ၂၁ ရာ ခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် စျေးနှုန်းများ အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့် တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အ ကျနည်းပါးခဲ့ကာ ဇွန်လ (၂၁ ရက်အထိ)တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်း ခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည် မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက် မှ စက်တင်ဘာ ၂၅  ရက်အတွင်း တစ်လီ တာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင် ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၁၅ ကျပ် အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၃၅ ကျပ် အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက် အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၉ ရက် အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ ဧပြီ ၂၇ ရက် အတွင်း တစ်လီတာ ၅၃၀ ကျပ်မှ ၅၉၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်သည်။

 

Most Read

Most Recent