မြိတ်မြို့တွင် COVID-19 ကာကွယ်မှုအတွက် တစ်လကျော် ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတ အသင်းအားလုံးကို ကူညီထောက်ပံ့မှုများ ပြန်လည်ပေးအပ်

မြိတ်မြို့တွင် COVID-19 ကာကွယ်မှုအတွက် တစ်လကျော် ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတ အသင်းအားလုံးကို ကူညီထောက်ပံ့မှုများ ပြန်လည်ပေးအပ်
မြိတ်မြို့တွင် COVID-19 ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သူများအား ရိက္ခာလှူဒါန်းနေမှုကို တွေ့ရစဉ်
မြိတ်မြို့တွင် COVID-19 ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သူများအား ရိက္ခာလှူဒါန်းနေမှုကို တွေ့ရစဉ်
Published 27 April 2020

မြိတ်မြို့တွင် COVID-19 ကူးစက် ရောဂါ ကာကွယ်မှုလုပ်ဆောင်ခြင်း တစ်လကျော်ကာလအတွင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းများအားလုံးကို ကူညီ ထောက်ပံ့မှု ပြန်လည်ပေးအပ်ခဲ့သည်။

COVID-19 ကာကွယ်၊ ကုသ၊ ထိန်း သိမ်းရေးအတွက် မြိတ်မြို့တွင်ကော်မတီများ ဖွဲ့စည်းပြီးဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ COVID-19 ရောဂါကူးစက်မှုမရှိသေး ကြောင်းသိရသည်။ ကာကွယ်၊ ကုသ၊ ထိန်းသိမ်းရေးလုပ်ဆောင်ရာတွင် မြို့ပေါ်နှင့်ရပ်ကျေးအသီးသီးမှ ပရဟိတအသင်းများလည်း ကူညီဆောင်ရွက်ခဲ့ရာ ပရဟိတအသင်း ၆၁ သင်းမှ စေတနာ့ဝန်ထမ်းများအား ပြန်လည် ထောက်ပ့ံခြင်းကို ဧပြီ၂၆ ရက်တွင် ကျောက် ဖျာကျေးရွာရှိ ဓမ္မိကရာမကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီ ချိုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ် ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

“မတ်လ၂၀ ရက်နေ့ကတည်းက ကျွန် တော်တို့ပရဟိတအသင်းတွေ စတင်လှုပ်ရှား ကြတယ်။ တစ်လပြည့်တဲ့အခါမှာ ပရဟိတ အသင်း ၆၁ သင်းက အသင်းသားတွေကိုကူ ညီပေးဖို့စာရင်းပြုစုပါတယ်။ ပေးရမယ့် အရေအတွက်က ၂၅၅ ဦးရှိတယ်။ သူတို့ လည်းလုပ်လာရတာ တစ်လကျော်နေပြီ။ အ တော်လေးလည်း ပင်ပန်းနေပြီ။ အနောက် မှာကျန်ခဲ့တဲ့မိသားစုတွေကို ထောက်ပံ့ပေးဖို့ က အဓိကရည်ရွယ်ချက်ပါ။ မြိတ်ဒေသ COVID-19 ကာကွယ်၊ ထိန်းသိမ်း၊ ကုသ ရေး အထောက်အကူပြုကော်မတီက ဆန်နဲ့ ကြက်ဥလှူဒါန်းပေးတယ်။ အလှူရှင်ဦးမောင် ထွေးက ကြက်သွန်နီလှူဒါန်းပေးတယ်။ ကျွန် တော်တို့ကော်မတီက ဆီ၊ ငါးသေတ္တာနဲ့ ဆား လှူဒါန်းပေးတယ်။ အားလုံးပေါင်းရင် ပစ္စည်း ခြောက်မျိုးလှူဒါန်းပေးတာပါ။ သူတို့ရဲ့ စိတ် ဓာတ်ခွန်အားကို မြှင့်တင်ပေးတာရယ်။ ဠသူကညအနနမ ွှနော တစ်ခုကိုတည်ထောင် နိုင်ဖို့အတွက် အဓိကရည်ရွယ်တာဖြစ်ပါ တယ်။ ပထမဆုံး စလုပ်တဲ့အခါမှာ အသင်း ၅၀ ကျော်နဲ့ ငွေကျပ် ၃၁ သိန်းစတင် မç တည်ခဲ့တယ်။ အလှူလည်းသီးသန့်မခံပါဘူး ။ မြို့လူထုက သူတို့ဆန္ဒအလျောက်စေတနာ ထားပြီးလာရောက်ထည့်ဝင်နေတာ အခုဆို ရင်ကျပ်သိန်း ၃၀၀ ကျော်ပါပြီ။ သိန်း ၁၅၀ လောက်သုံးပြီးပါပြီ။ ဘဏ်ထဲမှာသိန်း ၁၃၀ အပ်ထားပြီး ကျန်တာနဲ့ အပြင်မှာကူညီမှု တွေ ဆက်လုပ်နေပါတယ်” ဟု COVID-19 ကာ ကွယ်၊ ကုသ၊ ထိန်းသိမ်းရေး အရပ်ဘက် ပူးပေါင်းကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းလွင်ဦးက ပြောကြားသည်။

မြိတ်မြို့တွင် ပရဟိတအသင်းများနှင့်အရပ်ဘက်အဖွဲ့စည်းများ ပူးပေါင်းမှုအား ကောင်းပြီး နေ့ညမပြတ်စောင့်ကြည့်မှုများရှိနေသည့်အတွက် COVID-19  ကာလကို လက်ရှိအချိန်အထိ အောင်မြင်စွာကျော် ဖြတ် နေနိုင်ဆဲဖြစ်သည်။

“မြိတ်မြို့မှာကြိုပြီးတော့ အသိစိတ်နဲ့ လုပ်ဆောင်ကြဖို့ ၀ိုင်းဝန်းတိုင်ပင်ပြီးကော်မတီတစ်ရပ်ဖွဲ့ စည်းခဲ့တယ် အသိပညာပေး တာတွေ ရပ်ကျေးအလိုက် မြို့နယ်အလိုက် ဆောင်ရွက်ခဲ့တယ်။ မြန်မြန်ဆန်ဆန်ဆောင် ရွက်နိုင်ခဲ့တဲ့အတွက် အခုထိတနင်္သာရီတိုင်း မှာ ကာကွယ်ဆောင်ရွက်ထားနိုင်တယ်လို့ယူဆပါတယ်။ ကျွန်တော်တို့ ပရဟိတညီ အစ်ကိုမောင်နှမအားလုံး နေ့ညမရွေး အပင် ပန်းခံပြီးဆောင်ရွက်နေပါတယ်။ စစ်ဆေး ရေးဂိတ်တွေမှာ နေ့ညမရွေး အပင်ပန်းခံပြီးကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီနေ့အ ထိ ဆောင်ရွက်နေတုန်းပါပဲ။ ဒီလိုဆောင်ရွက် ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ပရဟိတသမားတွေမှာ နားရက်ဆိုတာ မရှိပါဘူး။ ပရဟိတစိတ်နဲ့ပဲ လုပ်ဆောင်တယ်ဆိုပေမယ့် ကျွန်တော်တို့ မှာ လုပ်နိုင်တဲ့အတိုင်းအတာတစ်ခုအထိပဲရှိတယ်။ ကျွန်တော်တို့ မလုပ်နိုင်တဲ့အတိုင်း အတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးအပိုင်းတွေက နှောင့်နှှေးကြန့် ကြာနေပြီး ထိထိရောက်ရောက်မလုပ်နိုင်မှာ ကိုစိုးရိမ်ပါတယ်။ ကျွန်တော်တို့လို စေတနာ့ ဝန်ထမ်းတွေကိုငဲ့ကွက်ပြီး ထိထိရောက် ရောက် ဆောင်ရွက်သွားမယ်ဆိုရင်တော့ COVID-19 ကာလကို အောင်မြင်စွာဖြတ် ကျော်သွားနိုင်လိမ့်မယ်လို့ယူဆပါတယ်”ဟု သုဘရာဇာနာရေးကူညီမှုအသင်းအဖွဲ့ ခေါင်းဆောင် ဦးကျော်နန္ဒဆွေက ဆိုသည်။

မြိတ်မြို့တွင် COVID-19 ကာကွယ် ရေးအတွက် မတ် ၂၀ ရက်မှစတင်ပြီး အရပ် ဘက်အဖွဲ့အစည်းများနှင့်ပရဟိတအသင်း များစတင်လှုပ်ရှားခဲ့မှုမှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်သလိုနေရပ်ပြန်များနှင့် ပိုးကူး စက်မှုရှိနေသည့် ဒေသများမှဝင်ရောက်လာ သူများကိုစစ်ဆေးရာတွင် ငြင်းဆန်မှုများ၊ ထွက်ပြေးမှုများရှိနေသည့်အတွက် ကြီးမား သည့် စိန်ခေါ်မှုများအဖြစ် လုပ်ဆောင်နေရကြောင်း  ဦးမင်းလွင်ဦးက ပြောကြားသည်။                  

 

 

 

 

Most Read

Most Recent