မိတ္တီလာမြို့အတွင်း မှုခင်းဖြစ်ပွားမှုမရှိစေရေးနှင့် ညမထွက်ရ ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ရေးအတွက် လုံခြုံရေးတာဝန်ရှိသူများမှ လှည့်ကင်းများဖြင့် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိ

မိတ္တီလာမြို့အတွင်း မှုခင်းဖြစ်ပွားမှုမရှိစေရေးနှင့် ညမထွက်ရ ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ရေးအတွက် လုံခြုံရေးတာဝန်ရှိသူများမှ လှည့်ကင်းများဖြင့် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိ
ဧပြီ ၂၄ ရက် ည(၁၀) နာရီကျော်ခန့်က မိတ္တီလာခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ မိတ္တီလာမြို့လုံခြုံရေးအတွက် လှည့်ကင်းများဆောင်ရွက်နေစဉ်။ (ဓာတ်ပုံ-ဝဏ္ဏ(မိတ္တီလာ))
ဧပြီ ၂၄ ရက် ည(၁၀) နာရီကျော်ခန့်က မိတ္တီလာခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ မိတ္တီလာမြို့လုံခြုံရေးအတွက် လှည့်ကင်းများဆောင်ရွက်နေစဉ်။ (ဓာတ်ပုံ-ဝဏ္ဏ(မိတ္တီလာ))
Published 24 April 2020
ဝဏ္ဏ(မိတ္တီလာ)

မိတ္တီလာမြို့အတွင်း မှုခင်းဖြစ်ပွားမှုမရှိစေရေးနှင့် ညမထွက်ရ ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ရေးအတွက် လုံခြုံရေးတာဝန်ရှိသူများမှ လှည့်ကင်းများဖြင့် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိ မိတ္တီလာခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ သိရသည်။

“လုံခြုံရေအတွက် နေ့တစ်ကြိမ်၊ ညတစ်ကြိမ် ပတ်တယ်၊ရပ်ကင်းအနေနဲ့ ပုံသေ လူစည်တဲ့နေရာစျေးနားလေးတွေမှာ ရှိတယ်၊နာရီစင်မှာရှိတယ်၊ဘဏ်တွေနားမှာရှိတယ်၊ ဆိုင်ကယ်ပတ်ကင်းကျတော့ မိတ္တီလာတောင်ကန်မြောက် ကန်တစ်လျှောက်လုံးရှိတယ်၊ ကန်ဘောင်ပေါ်မှာ လုံခြုံရေးအရဒီနေရာတွေမှာ လုယက်မှုတွေ ရှိတက်တယ်၊အလင်းရောင်အောက်မှာနေကြဖို့ ကန်ဘောင်ပေါ်မှာ လိုက်အော်တာရှိတယ်၊ ကန်ပတ်လမ်းတစ်လျှောက်မှာ လိုက်အော်တယ်၊လုံခြုံရေးဆောင်ရွက်တဲ့နေရာမှာ ဘယ်နေရာတော့အရေးကြီးနေတယ်၊ ဘယ်နေရာလုပ်ပေးပါဖိတ်ခေါ်ရင်လိုက် လုပ်ပေးမှုတွေရှိတယ်၊ လုပ်ပေးတယ်ဆိုတာ အလုပ်သဘောလုပ်တာမဟုတ်ဘူး။ လုပ်တဲ့အပေါ်မှာ ထိထိရောက်ရောက် ဒီလိုလုပ်ခြင်းအားဖြင့်ညအချိန်မတော် လုတာတွေ၊ခိုးတာတွေ တော်တော်နည်းပါးသွားတယ်” ဟုမိတ္တီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဌေးဦး မှ ပြောကြားသည်။

Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူပြုစေရန် ပြည်သူများအနေဖြင့် ည(၁၀)နာရီမှ နံနက်လေးနာရီထိ အပြင်ထွက်ခြင်းမပြုရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေငြာထားပြီး အဆိုပါအမိန့်ကြေငြာချက်အား လိုက်နာမှု ရှိစေရန် မိတ္တီလာခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ အမှတ်(၃၅)ရဲတပ်ရင်း တာဝန်ရှိသူများ၊ မျိုးဆက်သစ် မြတ်ပါရမီ လူမှု့ရေးအသင်းအဖွဲ့များနှင့် မိတ္တီလာခရိုင် အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများမှ မိတ္တီလာမြို့ပေါ် နန်းတော်ကုန်းရပ်ကွက်၊ မြို့မလေးရပ်ကွက်၊ရတနာမာရ်အောင်ရပ်ကွက်၊ဝန်ဇင်းရပ်ကွက်၊ စျေးအရှေ့ပြင်ရပ်ကွက်စသောရပ်ကွက်များတွင် လုံခြုံရေးအတွက်လှည့်ကင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

 

 

 

Most Read

Most Recent