မန္တလေးမှ တစ်ဦးအပါအဝင် COVID-19 လူနာ ငါးဦးထပ်မံတွေ့ရှိပြီး ၁၃၂ ဦးရှိလာ

မန္တလေးမှ တစ်ဦးအပါအဝင် COVID-19 လူနာ ငါးဦးထပ်မံတွေ့ရှိပြီး ၁၃၂ ဦးရှိလာ
Published 23 April 2020



မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ တစ်ဦးအပါအဝင် COVID-19 အတည်ပြုလူနာ ငါးဦးထပ်မံတွေ့ရှိပြီး အတည်ပြုလူနာ ၁၃၂ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၃-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၂) ခု အနက် (၅) ဦး ၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၇၇) ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ)ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ ကိုးဦး ရှိပြီဖြစ်ကာ ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးနောက် အသွားအလာ ဆက်လက်ကန့်သတ်ထားရှိ ပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ငါးဦးရှကြောင်း သိရသည်။

ထို့အပြင် ကျန်လူနာ (၁၁၈) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက် စောင့်ကြည့်ကုသမှုပေး လျက်ရှိကြောင်း၊ ၎င်းလူနာ (၁၁၈) ဦးအနက် ဝေဘာဂီအထူးကုဆေးရုံကြီး တွင် အထူးကြပ်မတ် ကုသမှုပေးလျက်ရှိသူ (၂) ဦးနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် အထူးကြပ်မတ်ကုသမှု ပေးလျက်ရှိသူ (၁) ဦးရှိကာ ကျန် (၁၁၅) ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

ပထမအသုတ် ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာသစ် (၅)ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှုပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent