ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်မြို့တော်မဏ္ဍပ် တည်ဆောက်သင့် မဆောက်သင့် စဉ်းစားနေဟု ဒုတိယမြို့တော်ဝန် ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်မြို့တော်မဏ္ဍပ် တည်ဆောက်သင့် မဆောက်သင့် စဉ်းစားနေဟု ဒုတိယမြို့တော်ဝန် ပြောကြား
Published 8 March 2020
ဆန်းထူးအောင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်မြို့ တော်မဏ္ဍပ် တည်ဆောက်သင့် မဆောက် သင့် စဉ်းစားနေဟု ဒုတိယမြို့တော်ဝန် ဦးစိုး လွင်က ပြောကြားသည်။

“ရန်ကုန်သင်္ကြန် ဗဟိုမဏ္ဍပ်ကြီးလုပ်ဖို့ ကိုတော့ အခြေအနေ စောင့်ကြည့်ရဦးမယ်။ ကိုရိုနာဗိုင်းရပ်စ်က အမျိုးမျိုးပြောနေတော့ ဒီအခြေအနေကို စောင့်ကြည့်မယ်။ လုပ်မယ် မလုပ်မယ်က မဆုံးဖြတ်ရသေးဘူး။ မဏ္ဍပ် တွေ ဆောက်လုပ်ခွင့်ပေး မပေးဆိုတာကို လည်း မဆုံးဖြတ်ရသေးဘူး။ ကျန်းမာရေးဌာနက ဘယ်လိုညွှန်ကြားမလဲ။ သူတို့ ညွှန်ကြားတဲ့အတိုင်း လိုက်နာရမယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားမယ့်အပေါ် မူတည်ပါတယ်” ဟု ဒုတိယမြို့တော်ဝန်ဦးစိုးလွင်က ပြောကြားသည်။

သင်္ကြန်သည် နှစ်သစ်ကူးသည့်အချိန် ဖြစ်သည့်အတွက် သင်္ကြနကို တားဆီး၍မရ ကြောင်း၊ ရေမပက်ရန် တားဆီး၍ မရကြောင်း ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ဆိုသည်။

“သင်္ကြန်နဲ့ပတ်သက်ပြီးတော့ ပထမ အကြိမ်အစည်းအဝေးတုန်းက စည်ကား အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ အခုကတော့ အခြေအနေတစ်မျိုးပြောင်းနိုင်တယ်။ ဒီကိုရိုနာဗိုင်းရပ်စ်အခြေအနေ စောင့်ကြည့်ရမယ့်အခြေအနေပါ။ တစ်ကမ္ဘာလုံးက ဒီကပ်ရောဂါကြီးကို စောင့်ကြည့်နေ တာ။ အိုလံပစ်ဂိမ်းတွေ ဘာတွေရွှေ့လို့ရတယ်။ ဒါပေမဲ့ နှစ်သစ်ကူးတာကိုတော့ ရွှေ့လို့မရဘူး။ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် လုပ်တာကလုပ်ပေါ့။ အကြီးအကျယ်ကြီးတော့ လုပ်လို့မရဘူးပေါ့။ အဲဒါကို ကျွန်တော် တို့က စောင့်ကြည့်ရမှာ။ မဏ္ဍပ်တွေကို ခွင့်မပြုရင်တော့ လူစုလူဝေးတော့ မဖြစ်လောက်တော့ဘူး။ အိမ်ရှေ့တွေမှာ ရေဆော့ကစား တာကိုတော့ သွားတားလို့မရဘူး။ ရောဂါအခြေအနေဘယ်လိုဆိုတာကို စောင့်ကြည့်ရမယ်” ဟု ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။

ရန်ကုန်မြို့တော်မဟာသင်္ကြန်ပွဲတော် ပြုလုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးအား မည်သည့်ရက်တွင် ပြုလုပ်မည်ကို အသေးစိတ်မသိရှိသေးသဖြင့် မဏ္ဍပ်ကိစ္စများ ခွင့်ပြုမည် မပြုမည်ကို သေချာမသိရှိသေး ကြောင်း ဒုတိယမြို့တော်ဝန်ဦးစိုးလွင်က ပြောကြားသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ကျင်းပနိုင်ရေးအတွက် ပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးခန်းမ (၃) ၌ ပထမအကြိမ်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရန်ကုန်သင်္ကြန်စည်ကားစေရန် အတွက် ဆောင်ရွက်မည်များကို ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရခိုင်တိုင်းရင်းသားလူ မျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်သင်္ကြန်တွင် ပြည်လမ်းမ အပါအဝင် အခြားလမ်းမကြီးများ၌ သင်္ကြန် မဏ္ဍပ်အကြီး၊ မဏ္ဍပ်အလတ်နှင့် လမ်းလျှောက်သင်္ကြန်ငါးခု စုစုပေါင်း ၃၅ ခု ခွင့်ပြု ပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓု လပန်းခြံ၊ ကန်တော်ကြီး ဥယျာဉ်၊  ဦးဥတ္တမ ပန်းခြံ (ကန်တော်မင်ပန်းခြံ)၊ မြကျွန်းသာ ပန်းခြံနှင့် အင်းလျားလမ်းတို့တွင် ကျင်းပခွင့် ပေးခဲ့ကြောင်း သိရသည်။

၂၀၁၉ ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များ ပြုလုပ်ခဲ့သော် လည်း ရခိုင်ရိုးရာသင်္ကြန်အား လုံခြုံရေးအခြေအနေကြောင့်ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။                                 

 

Most Read

Most Recent