El Clasico မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ ဇီဒန်း

El Clasico မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ ဇီဒန်း
Published 2 March 2020

၂၀၁၇ ခုနှစ်က စပိန်စူပါဖလားပွဲမှာ အနိုင်ရခဲ့ ပြီးနောက်ပိုင်း El Clasico မှာ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ မှတ်တမ်းဆိုးကို ဇီဒန်း ရပ်တန့်ပစ်နိုင်ခဲ့တဲ့ပွဲပါ။

ဒါကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့သလို၊ ဘာစီလိုနာအသင်းကို Head to Head မှာလည်း အသာစီးယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် အခုလိုရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ ရခြင်းဖြစ်ပေမယ့် တိုက်စစ်ပိုင်းအဆုံးသတ်အား နည်းမှုကလည်း အဓိကကျခဲ့ပါတယ်။

အသင်း ခေါင်းဆောင် မက်ဆီကိုယ်တိုင် အားနည်းချက်တွေ ရှိခဲ့ပြီး ဂရီးဇ်မန်းကတော့ ထုံးစံအတိုင်း ဒီပွဲမှာလည်း အပိုင်အခွင့်အရေးကို ဖြုန်းတီးခဲ့ပြန်ပါတယ်။

သွင်းဂိုး(၂)ဂိုးကို မိနစ်(၇၀)နောက်ပိုင်းမှာမှ မြင်တွေ့ခဲ့ရပေမယ့် နှစ်သင်းအပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ စိတ်လှုပ်ရှားစရာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

ရီးယဲလ်အသင်းက အိမ်ကွင်းဖြစ်ပေမယ့် ခံစစ်လုံခြံုံရေးကို ဦးစားပေးပြီး တန်ပြန်တိုက်စစ်ကိုပဲ အားပြုကစားခဲ့ပါတယ်။ ပထမပိုင်းမှာ ဘာစီလိုနာအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကော်တိုအာ အမှားအယွင်းမရှိခဲ့သလို၊ ခံစစ်တာဝန်ယူထားတဲ့ ကစားသမားတွေကလည်း  ဘာစီလိုနာအသင်း စိတ်ကြိုက်ထိုးဖောက်လို့မရ အောင် ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ၀ါရင့်ကစားသမား မာဆယ်လိုက မက်ဆီကို အလွတ်မပေးရအောင်ရော တိုက်စစ်ကို ပံ့ပိုးနိုင်အောင်ပါ ခြေစွမ်းပြကစားသွားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ပထမပိုင်း ဖိကစားနိုင်ချိန်မှာ ဂိုးရအောင်မသွင်းနိုင်ခဲ့ တာကတော့ ဘာစီလိုနာအသင်းအတွက် ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရီးယဲလ်အသင်းက  ပိုကောင်းအောင် ကစားလာနိုင်ခဲ့ပါတယ်။ ဇီဒန်းက ပွဲရဲ့အခြေအနေကို သုံးသပ်ပြီး အပြောင်းအလဲပြုလုပ်ရာမှာ ထူးချွန်သူဖြစ်တာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။

ဘာစီလိုနာအသင်း အခွင့်အရေးလုံးဝ မရတော့တာမျိုး မဟုတ်ပေမယ့် ထိုးဖောက်ရ တော့ အတော်လေးခက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီ ကန်ခွင့်ရခဲ့သလို၊ ဗီဒယ်လ်နေရာ ဝင်ကစား တဲ့ ဘရေ့ဝိတ်ကလည်း ကွင်းထဲရောက်ရောက်ချင်း ပဲ ကော်တိုအာကို ခြောက်လှန့်နိုင်ခဲ့ပါတယ်။  ရီး ယဲလ်ရဲ့ ကစားပုံကတော့ ပိုထောင့်စေ့လာခဲ့ပြီး (၇၁)မိနစ်မှာ ဗင်နီစီယပ်စ် ဘယ်ခြမ်းက ဆွဲဝင်ကန် သွင်းတာ ပီကေးနဲ့ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဗင်နီ စီယပ်စ်အနေနဲ့ ၂၀၀၇ ခုနှစ်တုန်းက မက်ဆီတင်ထားခဲ့တဲ့ El Clasico မှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဆိုတဲ့စံချိန် (၁၉)နှစ်၊ ၂၅၉ ရက်) ကို (၁၉ နှစ်၊ ၂၃၃ ရက်)နဲ့ ချိုးဖျက်နိုင်ခဲ့ခြင်း လည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်း ကစားသမားအပြောင်းအလဲတွေလုပ်ပြီး ချေပဂိုးပြန်ရဖို့ ကြိုး စားခဲ့ပေမယ့် ရီးယဲလ်အသင်းက ဟာကွက်မရှိသလောက်ဖြစ်အောင် ကစားသွားနိုင်ခဲ့ပါတယ်။ ဒါ့ အပြင် နာကျင်အချိန်ပိုမှာမှ လူစားဝင်လာတဲ့ မာရီယာနိုဒီယာ့ဇ်က ကွင်းထဲရောက်ပြီး (၁)မိနစ်မပြည့်ခင်မှာ ဒုတိယဂိုး ထပ်သွင်းယူခဲ့ပါတယ်။

 

Most Read

Most Recent