ဖီးနစ်ငှက်ကဲ့သို့ ပြာပုံထဲမှထလာပြီး ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူမည်ဟု WBC ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဒီယွန်တေးဝိုင်လ်ဒါ ကြုံးဝါး

ဖီးနစ်ငှက်ကဲ့သို့ ပြာပုံထဲမှထလာပြီး ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူမည်ဟု WBC ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဒီယွန်တေးဝိုင်လ်ဒါ ကြုံးဝါး
Photos: Getty Images
Photos: Getty Images
Published 1 March 2020

၀ိုင်လ်ဒါသည် ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့က ဗြိတိန်လက်ဝှေ့ သမား တိုင်ဆန်ဖျူရီနှင့် ချန်ပီယံ ကာကွယ်ပွဲထိုးသတ်ရာ ခုနစ်ချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ကာ ငါးနှစ်ကျော် ကြာထိန်းသိမ်းလာသည့် WBC ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ် လွှဲ ပြောင်းပေးခဲ့ရသည်။ ၀ိုင်လ်ဒါနှင့် ဖျူရီသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ပထမအကြိမ် ထိုးသတ်ဖူးပြီး အငြင်းပွားဖွယ် သရေရလဒ်ထွက်ပေါ်ခဲ့ သောကြောင့် မကျေပွဲပြန်လည်ထိုးသတ်ခြင်းဖြစ်သည်။ 

 

WBC ဟဲဗီးဝိတ်တန်းချန်ပီယံ ဟောင်းဖြစ်သည့် အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝိုင်လ်ဒါက မိမိအနေဖြင့် ဖီးနစ်ငှက်ကဲ့သို့ ပြာပုံထဲမှထလာပြီး ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။

ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီကို ရှုံးနိမ့်ပြီးနောက် လူမြင်ကွင်းသို့ ပထမဆုံး ပြန်ထွက်လာသည့် ၀ိုင်လ်ဒါက စက္ကန့် ၉၀ ကြာမြင့်သော ဗီဒီယိုဖိုင်ကို ဖေဖော်ဝါရီ ၂၉ ရက်က Twitter တွင်တင်၍ ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

"မင်းတို့ရဲ့ ဘုရင်ကြီးက ဒီမှာပါ။ ငါတို့ ဘယ်ကိုမှ ထွက်သွားမှာမဟုတ်ဘူး။ စစ်ပွဲက အခုမှ အစပဲရှိသေးတယ်။ ငါက ကြံ့ခိုင်သန်မာတဲ့ ဘုရင်တစ်ပါးပဲ။ ငါ့ရဲ့ဂုဏ်ကျက်သရေကို မင်းယူသွားလို့မရပါဘူး။ ငါက စစ်သည်တော်တစ်ဦး၊ ဘုရင်တစ်ပါးဖြစ်လို့ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။ ငါက အသက်သေတဲ့အထိ တိုက်ပွဲဝင်သွားမယ့် ဘုရင်ပဲ။ မင်းတို့ဘုရင်ဆီမှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ဓာတ်တွေရှိပါတယ်။ ငါတို့က ဖီးနစ်ငှက်လိုမျိုး ပြာပုံထဲကနေထလာပြီး တော့ ချန်ပီယံဆုကို ပြန်ယူဦးမှာပါ။ သိပ်မကြာခင်လပိုင်းမှာ မင်းနဲ့ပြန်တွေ့ဦးမယ်။ စစ်ပွဲက အခုမှအစပဲ ရှိသေးတယ်" ဟု ၀ိုင်လ်ဒါက ပြောကြားခဲ့သည်။

၀ိုင်လ်ဒါသည် ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့က ဗြိတိန်လက်ဝှေ့ သမား တိုင်ဆန်ဖျူရီနှင့် ချန်ပီယံ ကာကွယ်ပွဲထိုးသတ်ရာ ခုနစ်ချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ကာ ငါးနှစ်ကျော် ကြာထိန်းသိမ်းလာသည့် WBC ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ် လွှဲ ပြောင်းပေးခဲ့ရသည်။ ၀ိုင်လ်ဒါနှင့် ဖျူရီသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ပထမအကြိမ် ထိုးသတ်ဖူးပြီး အငြင်းပွားဖွယ် သရေရလဒ်ထွက်ပေါ်ခဲ့ သောကြောင့် မကျေပွဲပြန်လည်ထိုးသတ်ခြင်းဖြစ်သည်။ 

၀ိုင်လ်ဒါသည် တတိယအချီနှင့် ပဥ္စမအချီတွင် ဖျူရီ၏ လက်သီးချက်များကြောင့် ကြမ်း ပြင်ပေါ်သို့ နှစ်ကြိမ်လဲကျခဲ့ပြီး ဝဲဘက်နားရွက်နှင့် ပါးစပ်မှ သွေးများ ကျဆင်းလာသလို သတ္တမအချီ တစ်မိနစ် ၃၉ စက္ကန့်တွင် ကြိုးဝိုင်းထောင့် ၌ ပိတ်၍အထိုးခံနေရစဉ် ၎င်း၏ထရိန်နာက ပဝါအဖြူပစ်သွင်း၍ အရှုံးပေးခဲ့ခြင်းဖြစ်သည်။ ၀ိုင်လ်ဒါ အနေဖြင့် ကစားသမားဘဝ ပထမ ဆုံးရှုံးပွဲအပြင် ချန်ပီယံခါးပတ်ကိုပါ လက်လွှတ်ခဲ့ရခြင်းဖြစ်သော်လည်း စာချုပ်ပါစည်းမျဉ်းအရ တတိယ မြောက်မကျေပွဲအတွက် ရက် ၃၀ အတွင်း ပြန်လည်စိန်ခေါ်ခွင့်ရထားကြောင်း သိရသည်။

 

Most Read

Most Recent