အိုလံပစ်ရွှေတံဆိပ် သုံးဆုရရှိဖူးသည့် တရုတ်ရေကူးသမား ဆန်းယန်း တားမြစ်ဆေးပြဿနာကြောင့် ရှစ်နှစ်ပွဲပယ်ခံရ

အိုလံပစ်ရွှေတံဆိပ် သုံးဆုရရှိဖူးသည့် တရုတ်ရေကူးသမား ဆန်းယန်း တားမြစ်ဆေးပြဿနာကြောင့် ရှစ်နှစ်ပွဲပယ်ခံရ
Photos: Getty Images
Photos: Getty Images
Published 1 March 2020

ဆန်းယန်း (၂၈ နှစ်) သည် ၂၀၁၂ လန်ဒန်အိုလံပစ် မီတာ ၄၀၀ နှင့် မီတာ ၈၀၀ အလွတ်ကူးပြိုင်ပွဲ၊ ၂၀၁၆ ရီယိုအိုလံပစ် မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိထားသူဖြစ်သည်။ 

 

အိုလံပစ်ရွှေတံဆိပ် သုံးဆုရရှိဖူးသည့် နာမည်ကြီး တရုတ်ရေကူးသမား ဆန်းယန်းသည် တားမြစ်ဆေးပြဿနာ အရှုပ်အထွေးကြောင့် ရှစ်နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်းသိရသည်။

ဆန်းယန်း (၂၈ နှစ်) သည် ၂၀၁၂ လန်ဒန်အိုလံပစ် မီတာ ၄၀၀ နှင့် မီတာ ၈၀၀ အလွတ်ကူးပြိုင်ပွဲ၊ ၂၀၁၆ ရီယိုအိုလံပစ် မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိထားသူဖြစ်သည်။ 

၎င်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် နေအိမ်သို့ လာရောက်၍ တားမြစ်ဆေး စစ်ဆေးမှုကို လက်မခံဘဲ သွေးနှင့် ဆီးနမူနာကို ဖျက်ဆီးခဲ့သော်လည်း ကမ္ဘာ့ရေကူးအဖွဲ့ချုပ် (FINA) က တားမြစ်ဆေးစည်းမျဉ်းချိုးဖောက် ခြင်းမရှိဟုဆိုကာ အရေးမယူရန် ဆုံးဖြတ်ခဲ့သည်။ 

သို့သော် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (WADA) က အားကစားခုံရုံး(CAS) ထံ အယူခံဝင်ရာ ရှစ်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဆန်းယန်းကမူ ဆွစ်ဇာလန် အရပ်ဘက်တရားရုံးတွင် အယူခံဝင်မည်ဟု ကြေညာခဲ့သည်။

 

Most Read