စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများအပေါ် အခွန်ပေးဆောင်သည့်ပမာဏ တိုးတက်လာခြင်းကြောင့် ယခုဘဏ္ဍာနှစ် ပထမသုံးလတွင် အခြေပစ္စည်းဝယ်ယူ တည်ဆောက်မှုမှ ကျပ်သန်းပေါင်း ၃၇၀၀၀ ကျော် ကောက်ခံရရှိထားကြောင်း ဒုတိယဝန်ကြီး ပြောကြား

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများအပေါ် အခွန်ပေးဆောင်သည့်ပမာဏ တိုးတက်လာခြင်းကြောင့် ယခုဘဏ္ဍာနှစ် ပထမသုံးလတွင် အခြေပစ္စည်းဝယ်ယူ တည်ဆောက်မှုမှ ကျပ်သန်းပေါင်း ၃၇၀၀၀ ကျော် ကောက်ခံရရှိထားကြောင်း ဒုတိယဝန်ကြီး ပြောကြား
Published 25 February 2020

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများအပေါ် အခွန်ထမ်းဦးရေ၊ အခွန်ပေးဆောင်သည့်ပမာဏ တိုးတက်ပေးဆောင်လာခြင်းကြောင့် ယခုဘဏ္ဍာနှစ် ပထမ သုံးလတွင်  ယင်းဝင်ငွေဖြင့် အခြေပစ္စည်းဝယ်ယူ တည်ဆောက်မှုအပေါ် ကောက်ခံရာတွင် ကျပ်သန်းပေါင်း ၃၇၀၀၀ ကျော် ကောက်ခံရရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုး မေးမြန်း သည့် ၂၀၁၉ - ၂၀၂၀ ပြည်ထောင်စု၏ အ ခွန်အကောက်ဥပဒေနှင့် ပြင်ဆင်ပြီးခဲ့သော မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေများအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန် ရာခိုင်နှုန်းများ လျှော့ချပြင်ဆင်ခဲ့သည့်အ ပေါ် ယနေ့အချိန်အထိရရှိသော ပုံမှန်ဝင်ငွေ ခွန်၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင် ငွေခွန်၊ တံဆိပ်ခေါင်းခွန်များရရှိမှု အခြေအ နေနှင့် သက်ဆိုင်ရာပြည်တွင်းအခွန်များဦး စီးဌာနတို့က အခွန်တိမ်းရှောင်မှုအပေါ် ဥပဒေပြဋ္ဌာန်းပြီးသည်မှ ယနေ့အချိန်အထိ အရေးယူဆောင်ရွက်မှု အရေအတွက်နှင့် အခြေအနေတို့နှင့် စပ်လျဉ်းသည့်မေးခွန်းအား ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အ ကောက်ဥပဒေကို ပြည်ထောင်စုလွှတ်တော် ပြဋ္ဌာန်းခဲ့ရာတွင် ယင်းဥပဒေ၏ ပုဒ်မ ၂၅ ပုဒ်မ ခွဲ (က) မှာ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်း များ၊ မော်တော်ယာဉ် စသည့်အခြေပစ္စည်း များ ဝယ်ယူရာတွင် သက်သာသောနှုန်းထား ဖြင့် အခွန်ပေးဆောင်နိုင်စေရန် စည်းကြပ်မှု က လွတ်ကင်းနေသည့် ဝင်ငွေအပေါ် ကျသင့် မည့် အခွန်နှုန်းထားများကို လျှော့ချပေးထား ကြောင်း၊ ပြဋ္ဌာန်းချက်အရ အခွန်သက်သာခွင့်နှုန်းထားများသည် ၂၀၁၉ ခုနှစ် အောက် တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိသာ အကျိုးသက်ရောက်မည် ဖြစ်သည့်အတွက် အခြေပစ္စည်းဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းအသစ် တိုးချဲ့ ခြင်းအတွက် အသုံးငွေ၊ စည်းကြပ်မှုမှ လွတ် ကင်းနေသော ဝင်ငွေအပေါ် အခွန်ပေးဆောင် သူဦးရေ တိုးလာသည်ကို တွေ့ရကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ မှ ဒီဇင်ဘာအထိ ပထမသုံးလ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ်မှာ အခွန်ထမ်းဦးရေကိုကြည့်ရင် ၁၂၀၂၀ ဦး ရှိခဲ့ပါ တယ်။ ၁၉-၂၀ ဘဏ္ဍာနှစ်မှာ အလားတူကာ လ အောက်တိုဘာကနေ ဒီဇင်ဘာလအထိ ပထမသုံးလမှာ စည်းကြပ်မှုမှ လွတ်ကင်းနေ သောဝင်ငွေအပေါ် အခွန်ထမ်းဦးရေ ၄၃၀၇၀ ဦးရှိတဲ့အတွက် အခွန်ထမ်းဦးရေအားဖြင့် ၃၁၀၅၀ ဦး ပိုမိုလာပြီးတော့ ရာခိုင်နှုန်းအား ဖြင့် ၂၅၈ ဒသမ ၃၁၉ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရပါတယ်”ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင် ငွေဖြင့် အခြေပစ္စည်း ဝယ်ယူတည်ဆောက်ခဲ့ မှုများအပေါ်တွင် ယခင်နှစ် ပထမသုံးလတွင် ကျပ်သန်းပေါင်း ၂၂၄၀၅ ဒသမ ၄၇၄ ရရှိခဲ့ပြီး ယခုနှစ် ပထမသုံးလတွင် ဝင်ငွေခွန်ကောက် ခံရရှိမှု ကျပ်သန်းပေါင်း ၃၇၂၉၄ ဒသမ ၅၇၆ ကောက်ခံရရှိခဲ့ခြင်းကြောင့် ကျပ်သန်းပေါင်း ၁၄၈၈၉ ဒသမ ၁၀၂ တိုးတက်ကောက်ခံရရှိခဲ့ ပြီး တိုးတက်မှုရာခိုင်နှုန်း ၆၆ ဒသမ ၄၅၃ ဖြစ် ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “ပုံမှန်ဝင်ငွေခွန် ကောက်ခံရရှိမှုနဲ့ စပ်လျဉ်းပြီးတော့ စည်းကြပ် မှုက လွတ်ကင်းနေတဲ့ ဝင်ငွေမှအပ ကျန်ဝင် ငွေခေါင်းစဉ်များမှ ယခင်နှစ် ပထမသုံးလ တွင် ကျပ်သန်းပေါင်း ၅၇၂ ဒသမ ၈၆၈ ဘီလျံ ကောက်ခံရရှိခဲ့ပြီးတော့ ယခုနှစ် ပထမသုံးလ မှာ ၅၉၈ ဒသမ ၀၉၄ ဘီလျံ ကောက်ခံရရှိခဲ့တဲ့အတွက်ကြောင့် ကျပ်သန်းပေါင်း ၂၅ ဒသမ ၂၂၆ ဘီလျံ တိုးတက်ကောက်ခံရရှိတာကို လည်း တွေ့ရပါတယ်။ တိုးတက်မှု ရာခိုင်နှုန်း ကတော့ ၄ ဒသမ ၄၀၃ ရာခိုင်နှုန်းဖြစ်ပါ တယ်”ဟု ပြောကြားသည်။

အခြေပစ္စည်း ဝယ်ယူတည်ဆောက်မှု များနှင့်စပ်လျဉ်းသည့် တံဆိပ်ခေါင်းခွန်သည် လည်း တိုးတက်လာပြီး မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေကို  ပြင်ဆင်သည့်ဥပဒေကို   ပြင်ဆင်သည့် ဥပဒေအရ ပစ္စည်းလွှဲပြောင်း ခြင်းစာချုပ်စာတမ်း၏ ကျသင့်တံဆိပ်ခေါင်း ခွန်နှုန်းထားကို သုံးရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းသို့  လျှော့ချပြင်ဆင် ပေးခဲ့ခြင်းကြောင့် ငါး ရာခိုင်နှုန်းပေးရမည့်အစား ပြင်ဆင်ပြီးနောက် တွင် လေးရာခိုင်နှုန်းသာ ကျသင့်မည်ဖြစ်သော် လည်း တံဆိပ်ခေါင်းခွန် ပေးဆောင်မှုနှင့် ပတ်သက်၍ ယခင်နှစ် ပထမသုံးလနှင့်  ယခု နှစ် ပထမသုံးလ နှိုင်းယှဉ်ရာတွင် တိုးတက် လာသည်ကို တွေ့ရှိရကြောင်း ယခင်နှစ် ပထမ သုံးလတွင် ကျပ်သန်းပေါင်း ၆၈၆၁ ဒသမ ၇၃၁ ရရှိခဲ့ပြီး ယခုနှစ် ပထမသုံးလတွင် ကျပ် သန်းပေါင်း ၉၆၂၉ ရရှိခဲ့သည့်အတွက်ကြောင့် ကျပ်သန်းပေါင်း ၂၇၆၇ တိုးတက်ကောက်ခံ ရရှိခဲ့ပြီး တိုးတက်မှုရာခိုင်နှုန်း ၄၀ ကျော်ရှိ ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“သို့ဖြစ်ပါ၍ ၂၀၁၉ ခုနှစ် ပြည်ထောင်စု ရဲ့ အခွန်အကောက်ဥပဒေပုဒ်မ ၂၅ (က)တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအ ပေါ် ကျသင့်မည့်အခွန်နှုန်းထားများကို လျှော့ ပေါ့သက်သာခွင့်ပေးခဲ့သဖြင့် အဆိုပါနှုန်းထားများဖြင့် အခွန်ပေးဆောင်လျက် ရှိပါကြောင်း၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပထမသုံးလတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်ထမ်း ဦးရေအားဖြင့်သော် လည်းကောင်း၊ အခွန်ပေးဆောင်မှု ပမာဏအားဖြင့်သော် လည်းကောင်း၊ ၎င်းနှင့်ဆက်စပ်ပြီးတော့ တံဆိပ်ခေါင်းခွန်ပေး သည့် ပမာဏအားဖြင့်သော်လည်းကောင်း တိုးတက် ပေးဆောင်လာတာကို တွေ့ရှိရပါကြောင်းနှင့် ဥပဒေပြဋ္ဌာန်းပြီးတဲ့အချိန်ကနေ ယနေ့အချိန်အထိ အခွန်တိမ်းရှောင်မှုများ ပေါ်ပေါက်မှု မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် အခွန်ယဉ်ကျေးမှုကို ပျိုးထောင်နေသည့် ကာလဖြစ်သည့်အတွက် လက်ရှိအချိန်အထိ အခွန်တိမ်းရှောင်မှုကြောင့် ထောင်ဒဏ်အပြစ်ပေးခြင်းများ ပြုလုပ်ခြင်း မရှိသေးသော်လည်း ဒဏ်ငွေ တပ်ရိုက်ခြင်းများသည် အနည်း၊ အများ စသည့်ဖြင့် အများအပြားရှိပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။