ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ခြင်း မဖြစ်စေရန် နှစ်ကြိမ်တားဆီးပေးနိုင်ခဲ့သည့်ရှေ့နေကို တစ်ရက်လျှင်ပေါင် ၂၀၀၀၀ ပေး၍ မန်စီးတီးအသင်း ငှားရမ်းထား

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ခြင်း မဖြစ်စေရန် နှစ်ကြိမ်တားဆီးပေးနိုင်ခဲ့သည့်ရှေ့နေကို တစ်ရက်လျှင်ပေါင် ၂၀၀၀၀ ပေး၍ မန်စီးတီးအသင်း ငှားရမ်းထား
Photos: Getty Images,Daily Mail
Photos: Getty Images,Daily Mail
Published 23 February 2020

အသက် ၆၃ နှစ်အရွယ် ဒေးဗစ်ပန်နစ်ဟုအမည်ရသည့် ရှေ့နေ သည် ဗြိတိန်ထိပ်တန်းရှေ့နေတစ်ဦး ဖြစ်ပြီး အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ဂျီနာမီလာက လက်ရှိဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဝန်ကြီးချုပ်ဟောင်း ထရီဆာမေတို့၏ Brexit ကြိုးပမ်းမှုကို နှောင့်နှေးစေရန် နှစ်ကြိမ်တိုင် ဆောင်ရွက်ပေးနိုင်ခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ ဒေးဗစ်ပန် နစ်၏ ဥပဒေဆိုင်ရာ အတွေ့အကြုံ များက မန်စီးတီးအသင်းရင်ဆိုင်နေ ရသည့် အခြေအနေကို ဖြေရှင်းပေး နိုင်မည်ဟု အသင်းတာဝန်ရှိသူများက မျှော်လင့်ထားသဖြင့် တစ်နေ့လျှင် ပေါင် ၂၀၀၀၀ အထိ အကုန်အကျခံ၍ ငှားရမ်းထားခြင်းဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။ 

 

 

ဘဏ္ဍာရေးမျှတမှုစည်းမျဉ်း (FFP) ချိုးဖောက်မှုကြောင့် ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် နှစ်ရာသီပိတ်ပင် ခံထားရသည့် မန်စီးတီးအသင်းသည် Brexit (ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ခြင်း) မဖြစ်စေရန် နှစ်ကြိမ်တိုင် တားဆီးပေးနိုင်ခဲ့သည့် ရှေ့နေကို တစ်ရက်လျှင် ပေါင် ၂၀၀၀၀ အထိ ပေး၍ ငှားရမ်းထားကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၆၃ နှစ်အရွယ် ဒေးဗစ်ပန်နစ်ဟုအမည်ရသည့် ရှေ့နေ သည် ဗြိတိန်ထိပ်တန်းရှေ့နေတစ်ဦး ဖြစ်ပြီး အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ဂျီနာမီလာက လက်ရှိဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဝန်ကြီးချုပ်ဟောင်း ထရီဆာမေတို့၏ Brexit ကြိုးပမ်းမှုကို နှောင့်နှေးစေရန် နှစ်ကြိမ်တိုင် ဆောင်ရွက်ပေးနိုင်ခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ ဒေးဗစ်ပန်နစ်၏ ဥပဒေဆိုင်ရာ အတွေ့အကြုံ များက မန်စီးတီးအသင်းရင်ဆိုင်နေ ရသည့် အခြေအနေကို ဖြေရှင်းပေး နိုင်မည်ဟု အသင်းတာဝန်ရှိသူများက မျှော်လင့်ထားသဖြင့် တစ်နေ့လျှင် ပေါင် ၂၀၀၀၀ အထိ အကုန်အကျခံ၍ ငှားရမ်းထားခြင်းဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။ 

မန်စီးတီးအသင်းသည် ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း အင်္ကျီရင်ဘတ်စပွန်ဆာဖြစ်သည့် အီတီဟတ်လေကြောင်းလိုင်းနှင့် စာချုပ်အပါအဝင် စပွန်ဆာစာချုပ်များမှရသည့်ဝင်ငွေကို အမှန်တကယ် ရရှိသောပမာဏထက်ပို၍ ဘဏ်စာရင်းတင်ပြမှုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) က ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ နှစ်ရာသီ ဥရောပကလပ်အသင်းပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်မပြုရန်နှင့် ဒဏ်ကြေး ယူရိုသန်း ၃၀ (ပေါင် ၂၅ သန်း) ပေးဆောင်ရန် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းက ပြစ်ဒဏ်ကို ဆွစ်ဇာလန်နိုင်ငံရှိ အားကစား ဆိုင်ရာခုံရုံး (CAS) ထံ အယူခံဝင် သွားမည်ဟု ကြေညာထားသော်လည်း အယူခံရှုံးနိမ့်ပါက စတာလင် အပါအဝင် အဓိက ကစားသမားများကို ရောင်းချရမည့်အခြေအနေ ရင်ဆိုင်ရဖွယ်ရှိနေသည်။ 

ယခုနွေရာသီ တွင် လမ်းခွဲတော့မည်ဟု သတင်းများထွက်ပေါ်နေသည့် နည်းပြ ဂွါဒီယိုလာကမူ "သူတို့ကသာ မထုတ်ဘူးဆိုရင် ဒီမှာဆက်ရှိနေဖို့ ၁၀၀ ရာခိုင် နှုန်းထက်မက သေချာပါတယ်။ ပထမဆုံးပြောချင်တာက ကျွန်တော်ကိုယ် တိုင် အသင်းမှာ ဆက်ရှိနေချင်လို့ပါ။ ဒီမှာရှိနေရတာက စာချုပ်ကြောင့်ဆိုတာထက်ပိုပါတယ်။ တခြားကိစ္စတွေ မရှိဘူးဆိုရင် လာမယ့်ရာသီ ဆက်ရှိနေမှာပါ။ ပြစ်ဒဏ်ချခံရတဲ့ကိစ္စက မပြီးသေးပါဘူး။ အသင်းအနေနဲ့ ဒီ ပြစ်ဒဏ်က မမျှတဘူးလို့ ယုံကြည် ထားတာကြောင့် အယူခံဝင်သွားမှာပါ။ အဆုံးသတ်ချိန်မှာ အမှန်တရားသာ အနိုင်ရခဲ့ရင် ကျွန်တော်တို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမယ်လို့ တွေးထားပါတယ်" ဟု တုံ့ပြန်ပြောကြားထားသည်။

 

 

Most Read

Most Recent