စီးရီးအေပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 23 February 2020

ဂျီနိုအာ - လာဇီယို (တနင်္ဂနွေညနေ ၆:၀၀ နာရီ)

တန်းဆင်းဇုန်လွတ်မြောက်ရေးအတွက် အပြင်းအထန် တိုက်ပွဲဝင်နေပြီး ရလဒ်တွေလည်း ကောင်းမွန်လာတဲ့ ဂျီနိုအာက ချန်ပီယံမျှော်လင့်ချက်အတွက် ချီတက်နေတဲ့ လာဇီယိုကို ဒုက္ခပေးဦးမလား။ အစဉ်အလာအရ ဂျီနိုအာကွင်းမှာ လာဇီယို ခက်ခဲတတ်သလို၊ လက်ရှိ ဂျီနိုအာကွင်းလယ်လုပ်အားနှုန်းကလည်း လာဇီယိုကို အခက်တွေ့စေနိုင်တယ်။ လာဇီယို အနိုင်ရမယ်ဆိုပေမယ့် (၂)ဂိုးပြတ်မယ်မထင်ဘူး။ 

တိုရီနို - ပါးမား (တနင်္ဂနွေည ၈:၃၀ နာရီ)

ရလဒ်ဆိုးတွေကြားကနေ တိုရီနို ရုန်းထွက်သင့်နေပါပြီ။ ဒါပေမဲ့ ပါးမားက ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက်ရှိနေလို့ တိုရီနိုဆီကနေ အမှတ်ရအောင် ကြိုးစားပါလိမ့်မယ်။ တိုရီနို တစ်မှတ်ထက် ပိုမရနိုင်ပါဘူး။ 

ရိုးမား - လက်ချီ (တနင်္ဂနွေည ၁၁:၃၀ နာရီ)

(၃)ပွဲဆက်အရှုံးကြောင့် ရိုးမားရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက် မရေမရာဖြစ်သွားရတယ်။ လက်ချီက ရိုးမားနဲ့ ဆန့်ကျင်ဘက်အနေအထားဖြစ်ပြီး နောက်ဆုံး (၃)ပွဲဆက်အနိုင်ရထားတယ်။ တန်းဆင်းဇုန်ကလွတ်မြောက်ခါစ လက်ချီရဲ့ ရုန်းကန်အားက ခံစစ်မတည်ငြိမ်ဘဲ ဂိုးတွေပေးနေရတဲ့ ရိုးမားကို ဖိအားပေးနိုင်လိမ့်မယ်။ ရိုးမား (၂)ဂိုးပြတ်အနိုင်ရသင့်တယ်ဆိုပေမယ့် ဖြစ်လာမယ်မထင်ဘူး။ 

 

Most Read

Most Recent